
ဒီဟင်းပွဲလေးကတော့ ကျွန်တော်ရဲ့ မြင်ဆရာဖြစ်တဲ့ ကြယ် ၅ ပွင့် စားဖိုမှူး (5 Star Chef)ရဲ့ ဟင်းပွဲလေးဖြစ်ပါတယ်။ အချိုးအစားနဲ့ ပါ ဝင်ပစ္စည်းတွေက ကျွန်တော်ရဲ့ ကိုယ်ပိုင်တွေပါပဲ။ ဝက်သားကို ပန်းသီးနဲ့တွဲသုံးချက်ပြုတ်ထားပေးပြီး ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့ ခံတွင်းနဲ့လည်း အဆင်ပြေလိုက်ဖက်အောင် စီစဉ်ပေးထားပါတယ်။ ပန်းသီးကို ကိတ်မုန့်၊ မုန့်ပဲလုပ်တဲ့အခါမှာရယ် အပျင်းပြေစားသုံးချင်တဲ့အခါမှာရယ်၊ ထမင်းစားပြီး အစာကြေစေဖို့ စားတဲ့တစ်မျိုးရယ်လို့ပဲ အရင်က နားလည်ထားကြတဲ့ ကျွန်တော့်ပရိသတ်တွေ ခုဒီ ပန်းသီးနဲ့ ဝက်သားဟင်းလေး စားကြည့်ပြီး ဘယ်လိုအရသာလဲဆိုတာ ခံစားကြည့်ကြတာပါ။ နောက်လဆိုရင် အချစ်တော်နေ့များပွဲတွေ ကျင်းပကြတော့မှာမို့ ဒီပန်းသီးဝက်သားဟင်းလေးကို ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူကို စပယ်ရှယ်အချစ်တွေနဲ့ ချက်ပြုတ်ကျွေးနိုင်ပါပြီ။ လွယ်လွယ်လေးဖြစ်အောင် စီစဉ်ပေးထားပါတယ်။
► လိုအပ်ပစ္စည်းများ
♦ ဝက်သားပြား (Thin Pork Chop) – ၆ ချပ် (သို့) ၇ ချပ်
♦ ဂျုံမှုန့် – ၁/၂ ခွက် (၈အောင်စအရွယ်ခွက်)
♦ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ သံလွင်ဆီ – ၁/၂ ခွက် (၈အောင်စအရွယ်ခွက်)
♦ ထောပတ် – စားပွဲဇွန်း ၂ ဇွန်း
♦ ကြက်သွန်ဖြူ – ၇ မြွှာ (နုပ်နုပ်စဉ်းထားပါ)
♦ ကြက်စွပ်ပြုတ်ရည် – ၁ ခွက် (၈အောင်စအရွယ်) (သံဘူးနဲ့ ကြက်စွပ်ပြုတ်ရည်လည်းသုံးနိုင်)
♦ သကြားညို(Brown Sugar) – စားပွဲဇွန်း ၂ ဇွန်း
♦ ပန်းသီး(အကြီး) – ၂ လုံး (အခွံချွတ်၊ အူတိုင်ထုတ်ပြီး အမြွှာအနေတော်လှီးထားပါ)
♦ ကော်မှုန့် (Constarch) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ရေ ၃ ဇွန်းနဲ့ရောပြီး သမအောင် မွှေထားပါ။)