ဝက်ခေါက်နှင့် မုန်ညင်းဟင်းချို

by အံ့၀◌င့်ထွဋ် (MRTV – 4) for Food Magazine

ဒီဟင်းချိုကတော့ တစ်မူထူးခြားတဲ့ ဟင်းရည်လေးပါ။ ရိုးရှင်းလွယ်ကူသလို အချိန်ကုန်လည်း သက်သာတဲ့ ဟင်းလျာလေးပါ။

ပါဝင်ပစ္စည်းများ

ဝက်ခေါက်ကြော်-  ၆၀ ဂရမ်

မုန်ညင်းစိမ်း-  ၂ ပင်

မှို-  ၁၀ ဂရမ်

ပဲပြား-  ၁ တုံး

ဝက်သား-  ၂ဝဝ ဂရမ် (ကြိတ်သား)

ကြက်သွန်ဖြူ-  ၃ မြွှာ

တရုတ်နံနံပင်-  အနည်းငယ်

ကြက်သွန်နီ-  ၁ လုံး

ချင်း-  အနည်းငယ်

ကော်မှုန့်-  စားပွဲဇွန်း ၁ ဇွန်း

ဆား-  လိုအပ်သလို

သကြား-  လိုအပ်သလို

ငရုတ်ကောင်းမှုန့်-  လိုအပ်သလို

နှမ်းဆီမွှေး-  လိုအပ်သလို

ငံပြာရည်-  လိုအပ်သလို

ပြုလုပ်နည်း

ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ချင်းကို ပါးပါးလှီးပါ။ ကြက်သွန်နီကို လေးစိတ်စိတ်ပါ။ ပဲပြား ကို အနေတော်အတုံးလေးများ တုံးပါ။ မုန်ညင်းစိမ်းနှင့် မှိုကို အနေတော်လှီးဖြတ်ပါ။ ကြိတ်ထားသော ဝက်သားကို ဇလုံတစ်လုံးထဲ ထည့်ပြီး ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ သကြားနှင့် နှမ်းဆီမွှေး ထည့်ပြီး နယ်ပါ။

ဒယ်အိုးထဲမှာ ရေဆူအောင်တည်ပြီး ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်နီ၊ ငံပြာရည်၊ ဆား၊

သကြား အနည်းငယ်နှင့်  ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပါ။ အဖုံးအုပ်ပြီး ရေဆူသည်အထိ တည်ပါ။ ရေဆူလာပြီဆိုလျှင် မှို၊ ပဲပြားနှင့် ဝက်သားလုံးတို့ကို ထည့်ပါ။ တရုတ်နံနံကို ေြွခပြီး ထည့်ပါ။ ပြီးလျှင် အဖုံးအုပ်ပြီး အသားလုံးကျက်သည်အထိ တည်ပါ။ ဝက်သားလုံးလည်း နူးပြီ၊ ရေလည်းဆူပြီဆိုလျှင် မုန်ညင်းစိမ်းထည့်ပါ။ ရေဆူပြီဆိုလျှင် ဝက်ခေါက်ထည့်ပါ။ အနံ့၊ အရသာနှင့် ပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါတယ်။

Facebook Comments