ဝက်သား ကင်မ်ချီ ပဲကြာဆံသုပ်

ဒီဟင်းလျာလေးကတော့ ကင်မ်ချီအရသာကို ကြိုက်နှစ်သက်တဲ့ ပရိသတ်များအတွက် အကြိုက်တွေ့စေမယ့် လွယ်ကူရိုးရှင်းတဲ့ ဟင်းလျာဖြစ်ပါတယ်။

Facebook Comments

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါ၀င္ပစၥည္းမ်ား

ဝက်သားသုံးထပ်သား-  ၂ဝဝ ဂရမ်

တရုတ်နံနံ-  အနည်းငယ် (အနေတော်လှီးပါ)

မုန်လာဥနီ၊ ဂေါ်ဖီ-  ၁၀ ဂရမ်စီ (ပါးပါးလှီးပါ)

ကင်မ်ချီ-  ၁ဝဝ ဂရမ်

ပဲကြာဆံ-  ၅ ဂရမ် (၂၀ ဂရမ် ရေစိမ်ပြီး)

ကြက်ဥ-  ၁ လုံး

ဆီ-  စားပွဲဇွန်း ၂ ဇွန်း

ပဲငံပြာရည်အနောက်-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား-  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်ဖြူ-  ၄ မြွှာ (ဓားပြားရိုက်ပါ)

ကော်မှုန့်-  စားပွဲဇွန်း ၁ ဇွန်း

နှမ်း-  အနည်းငယ်

ခရုဆီ-  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ်-  အနည်းငယ် (အနေတော်လှီးပါ)

ငရုတ်ကောင်းမှုန့်-  အနည်းငယ်

သကြား-  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ခ်က္နည္း

၁။        ကြက်ဥ ၁ လုံးကို ဖောက်ပြီး ခေါက်ထားပါ။

၂။         ဝက်သားသုံးထပ်သားကို အနေတော်လှီးထားပါ။

၃။        ပဲကြာဆံကို ရေနွေးဆူဆူထဲမှာ ဆားထည့်ပြီး ရေနွေးဖြောပါ။

၄။        ၁ မိနစ်ခန့် ရေနွေးဖြောပြီးလျှင် ပဲကြာဆံကို ပြန်ဆယ်ယူပြီး ရေအေးနှင့် ပြန်ဆေးပါ။

၅။        ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။

၆။        ဆီပူလာလျှင် ကြက်သွန်ဖြူကို ဆီသတ်ပါ။

၇။        ကြက်သွန်ဖြူဆီသတ်ပြီးလျှင် ဝက်သားသုံးထပ်သား ထည့်ပါ။

၈။        ဝက်သားအနံ့မွှေးလာလျှင် လှီးထားတဲ့ ဂေါ်ဖီ၊ မုန်လာဥနီနှင့် ကင်မ်ချီထည့်ပါ။

၉။        အရသာအတွက် ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် နှမ်းတို့ကို ထည့်ပါ။

၁၀။      ရေအနည်းငယ်ထည့်ပါ။

၁၁။      ရေဆူလာလျှင် ရေနွေးဖြောထားတဲ့ ပဲကြာဆံထည့်ပါ။

၁၂။      ဖောက်ပြီး ခေါက်ထားတဲ့ ကြက်ဥကို ထည့်မွှေပါ။

၁၃။      တရုတ်နံနံနှင့် ကြက်သွန်မြိတ်ကို ထည့်ပါ။

၁၄။      အနံ့အရသာပြည့်စုံလျှင် နှမ်းအနည်းငယ်ထည့်ပြီး သုံးဆောင် နိုင်ပါပြီ။