သက်သတ်လွတ်ဟင်းထုပ်

Facebook Comments

David

ပါ၀င္ပစၥည္းမ်ား

ပါဝင်ပစ္စည်းများ

ကောက်ညှင်းမှုန့်        – ၃၀ ဂရမ်

ဆန်မှုန့်     – ၁၅၀ ဂရမ်

ကြက်သွန်မြိတ်       – ၁၀၀ ဂရမ်

ကြက်သွန်ဖြူ        – ၅၀ ဂရမ် (နုပ်နုပ်စဉ်းပါ)

ပဲငံပြာရည်အကြည်        – စားပွဲဇွန်း ၁ ဇွန်း

ရေ       – ၁၅၀ ဂရမ်

ဆား       – အနည်းငယ်

ဆီ           – စားပွဲဇွန်း ၂ ဇွန်း

ငှက်ပျောရွက်         – ၁ ရွက် (အကြီး)

ခ်က္နည္း

ပြုလုပ်ပုံ

ဇလုံတစ်ခုထဲ ကြက်သွန်မြိတ်နှင့် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူကို ရောမွှေပါ။ ပြီးလျှင် ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆားနှင့် ပဲငံပြာရည်အကြည်တို့ကို ထည့်ပြီး သမအောင် မွှေပါ. အားလုံးသမသွားပြီဆိုလျှင် ရေကို နည်းနည်းစီ ထည့်ပြီး ဟင်းထုပ်ပေါင်းရန် အဆင်သင့် အနေအထားအထိ မွှေပါ။

ငှက်ပျောရွက်ကို ပြုလုပ်မယ့် ဟင်းထုပ်အရွယ်အစားပေါ်မူတည်ပြီး ဖြတ်ထားပါ။ ပြီးလျှင် ငှက်ပျောရွက်များကို နူးအိသွားအောင် ရေနွေးပူပူနဲ့ ၁ မိနစ်ခန့် စိမ်ထားပါ။ ပြီးလျှင် ဆယ်ယူပြီး ရေခြောက်အောင် သုတ်ပါ။ ပြီးလျှင် မုန့်နှစ်ကို ငှက်ပျောရွက်ထဲ မိမိလိုသလောက်ထည့်ပြီး ဟင်းထုပ်ထုပ်ပါ။

ဟင်းထုပ်များ ထုပ်ပြီးပြီဆိုလျှင် မိနစ် ၃၀ ခန့်ပေါင်းပါ။ မိနစ်ပြည့်ပါက ဟင်းထုပ်အနေအထားကို ကြည့်ပြီး လိုအပ်လျှင် မိနစ်အနည်းငယ် ထပ်ပေါင်းပါ။ ဟင်းထုပ်များရပြီဆိုလျှင် ကြက်သွန်ဆီချက်တို့နဲ့ အလှဆင်သုံးဆောင်နိုင်ပါပြီ။

 

Menu