သက်သတ်လွတ်အာလူးပိုင်း (Vegetarian Shepher’s Pie)

Facebook Comments

by Myint Oo Thar for Food Magazine

ပါ၀င္ပစၥည္းမ်ား

အာလူးထောင်း (Mashed Potato) လုပ်ရန် လိုအပ်တာတွေကတော့-

အာလူး-  ၁ ကီလိုဂရမ်

ဆား-  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့်အမည်း-  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ထောပတ်-  စားပွဲဇွန်း ၂ ဇွန်း

နွားနို့-  ၁၅၀ မီလီလီတာ

အဆာ (Vegetables Filling) အတွက် လိုအပ်တာတွေကတော့-

ကြက်သွန်နီ-  ၂ လုံး (နုပ်နုပ်စဉ်းထားပါ)

ကြက်သွန်ဖြူ-  ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)

မုန်လာဥနီ-  ၂ဝဝ ဂရမ် (အတုံးသေးသေးတုံးထားပါ)

မှိုအစို-  ၂၅၀ ဂရမ် (ပါးပါးလှီးထားပါ)

တရုတ်နံနံပင်အကြီး-  ၁၅၀ ဂရမ် (အတုံးသေးသေးတုံးထားပါ)

ငရုတ်ပွအစိမ်း-  ၁/၂ လုံး

ငရုတ်ပွအနီ-  ၁/၂ လုံး

ဆား-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Thyme –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Paprika –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့်အမည်း-  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ခရမ်းချဉ်သီးအနှစ်-  စားပွဲဇွန်း ၁ ဇွန်း

ဂျုံမှုန့်-  စားပွဲဇွန်း ၁ ဇွန်း

ဟင်းသီးဟင်းရွက်ပြုတ်ရည်-  ၁ ခွက်

သံလွင်ဆီ-  စားပွဲဇွန်း ၁ ဇွန်း

ခ်က္နည္း

၁။    အဆာ Vegetables Filling ချက်ဖို့အတွက် ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ဆီသတ်ပါ။

၂။     ကြက်သွန်ပျော့လာတာနဲ့ မုန်လာဥနီနှင့် တရုတ်နံနံပင်အကြီး ထည့်ပြီး မွှေပါ။

၃။    တရုတ်နံနံပင်အကြီး ပျော့လာတာနဲ့ မှိုထည့်ပြီး မွှေပါ။

၄။    မှိုပျော့လာလျှင် Paprika,Thyme ထည့််ပြီး ချက်ပါ။

၅။    ပြီးလျှင် ခရမ်းချဉ်သီးအနှစ်နှင့် ဂျုံမှုန့်ထည့်ပြီး မွှေပါ။ ပြီးလျှင် ရေ (သို့) ဟင်းသီး ဟင်းရွက်ပြုတ်ရည် ထည့်ပြီး ချက်ပါ။

၆။    အရသာအတွက် ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး ဆော့စ်ပျစ်လာသည်အထိ ချက်ပြီး မီးဖိုပေါ်မှ ချထားပါ။

၇။    အာလူးပြုတ်ရန် ရေနွေးအိုးတည်ပါ။ ရေဆူလျှင် ဆားနှင့်အာလူးထည့်ပြီး ပြုတ်ပါ။

၈။    အာလူးနူးလျှင် ဆယ်ယူပြီး ဇလုံထဲထည့်ပါ။ ပြီးလျှင် အာလူးပူပူထဲ ဆား၊ ငရုတ် ကောင်းမှုန့်နှင့် ထောပတ်တို့ကို ထည့်ပြီး ခြေပါ။ ခြေနေစဉ်မှာ နွားနို့ထည့်ပြီး ခြေပါ။

၉။    အာလူးအားလုံး ကြေသွားပြီး အာလူးထောင်း ပျော့ပျော့လေးရပါမယ်။

၁၀။      မုန့်ဖုတ်မည့်ကန်ထဲ စောစောက ချက်ထားတဲ့ အဆာ Vegetables Filling လောင်းထည့်ပါ။

၁၁။      အာလူးထောင်းကို အဆာအပေါ်မှာ ဖြန့်ထည့်ပါ။ အဆာအားလုံး ဖုံးသွားလျှင် ခက်ရင်းနှင့် ဆွဲပြီး အရာပေးပါ။

၁၂။      ပြီးလျှင် 200 ̊ C မှာ ကြိုတင်အပူပေးထားတဲ့ Oven ထဲ ထည့်ပြီး ၁၅၊ ၂၀ မိနစ်ခန့် ဖုတ်ပါ။