သာဂူအုန်းမွှေးလုံး (Sago Coconut Balls)

by Syi Lwin Foods Garden for Food Magazine

          သာဂူ အုန်းမွှေးလုံးကို အရောင်စုံလေးတွေလုပ်တော့ ကလေးတွေအတွက် စိတ်ဝင်စားစရာ အစားအစာလည်း ဖြစ်စေပါတယ်။ စားလို့လည်းကောင်းသလို ဧည့်ခံကျွေးမွေးတဲ့အခါ လွယ်ကူလျင်မြန်စွာနဲ့ လုပ်စားလို့ရတာကြောင့် သာဂူအုန်းမွှေးလုံးလေး လုပ်ကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

သာဂူစေ့  –  ၁/၂  ခွက် (ရေဆေးပြီး ရေစစ်ထားပါ)

အုန်းသီးမှုန့်  –  ၁  ၁/၂ ခွက်

ဆား  –  ၁/၎

နို့ဆီ  –  စားပွဲဇွန်း ၅ ဇွန်း

သကြား  –  စားပွဲဇွန်း ၃ ဇွန်း

ရေ  –  ၁ ခွက်

နို့စိမ်း  –  ၁/၂ ခွက်

ပန်းသီးစိမ်းအရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

စတော်ဘယ်ရီအရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

လီမွန်အရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အောင်မဲညိုအရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။       ဇောက်နက်အိုးထဲ ရေ၊ နို့ဆီ၊ နို့စိမ်း၊ ဆားနှင့် သကြားတို့ကို ထည့်ပြီး ကျိုပါ။

၂။       ဆူပွက်လာလျှင် သာဂူစေ့ထည့်ပါ။ မီးအနေတော်ဖြင့် သာဂူစေ့အဆံပျောက်ခါနီးအထိ ကျိုပါ။ အဆက်မပြတ် မွှေပေးဖို့လိုပါတယ်။ သာဂူစေ့အဆံပျောက်ခါနီးလျှင် အိုး ၄ အိုးထဲ ဆတူခွဲထည့်ပါ။ ပြီးလျှင် တစ်အိုးစီမှာ အရသာအရောင်တစ်မျိုးစီ လိုက်ထည့်ပြီး သေချာနှံ့အောင် မွှေပါ။

၃။       သာဂူစေ့ အဆံဖြူပျောက်ပြီး ရေခန်းလာပါက မကပ်သော ဗန်းအပြန့်အပေါ်မှာ လောင်းထည့်ပြီး အအေးခံထားပါ။

၎။       သာဂူအေးသွားလျှင် လိုသလို အလုံးသေးလေးတွေ လုံးပါ။ ပြီးလျှင် အုန်းသီးမှုန့် တွေအပေါ်တင်ပြီး သေချာလူးလှိမ့်ပါ။ အုန်းသီးမှုန့်များ သေချာကပ်အောင်နဲ့ သာဂူတွေ အကုန်လုံးကုန်တဲ့အထိ ဆက်လုပ်ပါ။ ပြီးလျှင် ချက်ချင်းသုံးဆောင်ပါ။ လက်ဖက်ရည်၊ ကော်ဖီတို့နှင့် အတူတွဲပြီး သုံးဆောင်နိုင်ပါတယ်။

Facebook Comments