သာဂူအုန်းမွှေးလုံး

ပြုလုပ်ရလွယ်ကူတဲ့ သာဂူအုန်းမွှေးလုံးကို ငယ်ငယ်ကတည်းက မကြာခဏဆိုသလို လုပ်စားဖြစ်ပါတယ်။ အိမ်နီးနားချင်း အန်တီတစ်ယောက် အမြဲလိုလို မြန်မာမုန့်လုပ်နေ တာ မြင်ဖူး၊ စားဖူးနေရလို့သာ မြန်မာမုန့်လို့ဆိုသော်လည်း အခြား စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာလည်း ဆင်တူမုန့်လေးတွေ တွေ့နိုင်ပါတယ်။ ဆိုဖီယာ လုပ်ထားတဲ့ မုန့်အချိုးလေး မျှဝေပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

Facebook Comments

Sofia for Food Magazine

ပါ၀င္ပစၥည္းမ်ား

ယိုးဒယားသာဂူစေ့-  ၂ဝဝ ဂရမ်

သကြား-  ၁၅၀ ဂရမ်

ရေ၊ အုန်းနို့၊ နှစ်သက်ရာဖျော်ရည်-  ၁.၂ လီတာ

ဆား-  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

အုန်းသီးအမှုန့်-  ၁ ပန်းကန်

ခ်က္နည္း

၁။        အိုးတစ်လုံးထဲ ရေ၊ ဆားနှင့် သကြားတို့ကို ထည့်ပြီး ကျိုပါ။

၂။         ဆူပွက်ပါက သာဂူစေ့ကို ရေဆေးပြီး ထည့်ပါ။ ပြန်လည်ဆူပွက်ပါက ၅ မိနစ်ခန့် ဆူပွက်စေပြီး မီးပိတ်၍ အဖုံးအုပ်ထားပါ။

၃။        သာဂူအဆံပျောက်၍ ရေခြောက်ပြီး ပျစ်သွားပါက ဆီအနည်းငယ်လူးထားသော ဗန်းထဲထည့်၍ အအေးခံထားပါ။

၄။        သာဂူအေးသွားလျှင် လိုသလိုလုံး၍သော်လည်းကောင်း၊ လှီးဖြတ်၍သော်လည်း ကောင်း အုန်းသီးခြစ်ထားသည်နှင့် လူးပေးပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

အရောင် (၂) မျိုးခွဲလိုပါက ကျိုပြီး ၂ အိုးခွဲ၍ အရောင်ထည့်ကာ သမအောင် မွှေပေးပြီး အအေးခံပါ။

ရေအစား မိမိနှစ်သက်ရာ ဖျော်ရည်အရသာ အသုံးပြုနိုင်ပြီး သကြားအချိုးကို လျှော့ ထည့်ပါ။

သာဂူအမျိုးအစားပေါ်မူတည်ပြီး ရေကို လိုတိုးပိုလျှော့ ပြုလုပ်ရန် လိုအပ်ပါတယ်။