သီဟိုဠ်မလိုင်ခဲ (Kaju Burfi) (Cashew Slice)

အိန္ဒိယရိုးရာအချိုပွဲလေးဖြစ်တဲ့ သီဟု်ဠ်မလိုင်ခဲလေးဖြစ်ပါတယ်။ အချိုပွဲများစွာထဲကမှ နာမည်ကြီးလူကြိုက်များတဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။ အပြင်မှာ ဝယ်စားရင် ရှားပါးပြီး ဈေးများတတ်လို့ အိမ်မှာ အရောအနှောကင်းကင်းနဲ့ လုပ်စားနိုင်တဲ့ လွယ်ကူတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

Facebook Comments

by Sofia for Food Magazine

ပါ၀င္ပစၥည္းမ်ား

သီဟိုဠ်စေ့-  ၂ဝဝ ဂရမ်

သကြား-  ၁၂၅ ဂရမ်

ရေ-  ၆၀ မီလီ

ထောပတ်-  စားပွဲဇွန်း ၁ ဇွန်း

ခ်က္နည္း

၁။        ဦးစွာ သီဟိုဠ်စေ့ကို ကြေညက်အောင် ကြိတ်ထားပါ။ အမှုန့်အနေအထား ရအောင် ကြိတ်ပြီး ဆန်ခါချထားပါ။

၂။         ပြုလုပ်မည့် အိုးမကပ်သည့်ဒယ်အိုးထဲ သကြားနှင့်ရေထည့်ပြီး ကျိုပါ။ သကြားပျော်လာပါက ကြိတ်ထား သော သီဟိုဠ်စေ့အမှုန့်ကို ထည့်ပြီး မီးအနေတော်ဖြင့် အဆက်မပြတ် မွှေပါ။

၃။        လုံးထွေးပြီး အိုးမကပ်တော့တဲ့အနေအထားရပါက ထောပတ်ထည့်ပြီး မွှေပါ။

၄။        သမသွားပါက မီးပိတ်ပြီး ခဏအအေးခံထားပါ။ လက်ဖြင့် ကိုင်လို့ရသော အနေအထားရပါက လက်ကို ထောပတ်အနည်းငယ်လူးပြီး မုန့်နှစ်ကို သေချာလုံး၍ မုန့်ဖုတ်စက္ကူခင်းပြီး တင်ပါ။

၅။        ပြီးလျှင် အပေါ်မှ စက္ကူတစ်ထပ်ခင်းပြီး တလိမ့်တုံးဖြင့် လိုချင်သော အထူအနေအထားရအောင် ဖြန့်ပါ။

၆။        အထူအပါးညီအောင် ဖြန့်ပြီးပါက ခဏအအေးခံထားပါ။ ခပ်နွေးနွေးအနေအထားမှာ လှီးဖြတ်၍ လေသလပ်ပြီး အေးသွားပါက လေလုံသောဘူးထဲ ထည့်ကာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။