
by Myint Oo Thar for Food Magazine
ပါ၀င္ပစၥည္းမ်ား
Salad Dressing အတွက် လိုအပ်တာတွေကတော့-
မုန်ညင်းစေ့အနှစ်- စားပွဲဇွန်း ၁/၂ ဇွန်း
ပျားရည်- စားပွဲဇွန်း ၁ ဇွန်း
ပန်းသီးရှလကာရည်- စားပွဲဇွန်း ၂ ဇွန်း
လီမွန်အရည်- စားပွဲဇွန်း ၁ ဇွန်း
သံလွင်ဆီ- စားပွဲဇွန်း ၂ ဇွန်း
ဆား- လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်ကောင်းမှုန့်အမည်း- လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
Salad အတွက် လိုအပ်တာတွေကတော့-
ဆလတ်ရွက် အစုံ- ၁ ထုပ် (၉၅ ဂရမ်)
Broccoli Sprouts – ၁ ဘူး
စပျစ်သီး- ၁၀ လုံး
ထောပတ်သီး- ၁/၂ လုံး
လိမ္မော်သီး- ၁/၂ လုံး
(စတော်ဘယ်ရီ၊ ကီဝီ၊ ချယ်ရီခရမ်းချဉ်သီး အစရှိတဲ့ အသီးများလည်း ထည့်နိုင်ပါ တယ်။)
ခ်က္နည္း
၁။ Salad Dressing အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ပန်းကန်လုံးထဲ ထည့်ပြီး မွှေထားပါ။
၂။ ဆလတ်ရွက်ကို သန့်ရှင်းအောင် ဆေးပြီး ရေစစ်ထားပါ။ ပြီးလျှင် အဖုံးဖုံး၍ ရေခဲသေတ္တာထဲ ထည့်ပြီး သိမ်းထားပါ။ အဲဒါမှ ဆလတ်ရွက်က လတ်ဆတ်ပြီး ြွကပ်ြွကပ်လေး ဖြစ်နေမှာပါ။
၃။ Mandarin Orange ကို အခွံနွှာပြီး တစ်စိတ်ချင်းစီရဲ့အသားကို ယူထားပါ။
၄။ ထောပတ်သီးကို အတုံးသေးသေးတုံးပြီး အရောင်မပြောင်းအောင် သံပရာရည် အနည်းငယ်နှင့် နယ်ထားပါ။
၅။ စားသုံးမည်ဆိုပါက ဇလုံကြီးတစ်လုံးထဲ ဆလတ်ရွက်နှင့် အသီးအားလုံးထည့်ပါ။ ပြီးလျှင် အဆင်သင့်မွှေထားတဲ့Salad Dressing လောင်းထည့်ပြီး မွှေပါ။
၆။ ပြီးလျှင် စားသုံးမည့်ပန်းကန်ထဲ ပြောင်းထည့်ပါ။ အပေါ်မှာ Broccoli Sprouts ဖြူးပေးပါ။ သံလွင်ဆီနည်းနည်းဆမ်းပေးပါ။