
by Myint Oo Thar for Food Magazine
ပါ၀င္ပစၥည္းမ်ား
မုန့်အခွံ (Tart Shell) လုပ်ရန်အတွက်
လိုအပ်တာတွေကတော့-
ထောပတ်- ၂၂၆ ဂရမ်
(အတုံးသေးသေးတုံးထားပါ)
ဂျုံမှုန့်- ၄၅၀ ဂရမ်
သကြားအမှုန့်- ၁၆၀ ဂရမ်
ဆား- အနည်းငယ်
ကြက်ဥအနှစ်- ၆ လုံး
ဗနီလာအနံ့- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Custard Filling အတွက်
လိုအပ်တာတွေကတော့-
နွားနို့- ၄၈၀ မီလီလီတာ
ထောပတ်- ၁၅ ဂရမ်
ဗနီလာအနံ့- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်ဥအနှစ်- ၆ လုံး
သကြားမှုန့်- ၁၃၅ ဂရမ်
ပြောင်းဖူးမှုန့်- ၃၁ ဂရမ်
လိုအပ်တဲ့ အသီးတွေကတော့-
စပျစ်သီး
လိမ္မော်သီး
ကီဝီသီး
ဗယ်ရီသီး
(စတော်ဘယ်ရီသီး၊ မက်မွန်သီး၊ သရက်သီး ကြိုက်နှစ် သက်တဲ့ အသီးများလည်း ထည့်နိုင်ပါတယ်။)
ခ်က္နည္း
၁။ Custard Filling လုပ်ရန်အတွက် အိုးအသေးတစ်လုံးထဲ နွားနို့၊ ထောပတ်နှင့် ဗနီလာအနံ့ ထည့်ပြီး မီးဖိုပေါ်မှာ အပူပေးပါ။ ဆူအောင်တည်ဖို့ မလိုပါ။ ပူလျှင် မီးဖိုပေါ်မှ ချထားပါ။
၂။ ကြက်ဥအနှစ် ၆ လုံးကို ဇလုံထဲထည့်ပါ။ ပြီးလျှင် သကြားထည့်ပြီး မွှေတံနဲ့ ရိုက်ပါ။ အဝါရောင်အနှစ် ပျစ်ပျစ်ရပါမယ်။
၃။ အဝါရောင်အနှစ်ရတာနဲ့ ပြောင်းဖူးမှုန့်ကို ဆန်ခါချပြီး ထည့်ပါ။
၄။ ပြီးလျှင် နွားနို့ကို နည်းနည်းချင်းထည့်ပြီး မွှေတံနဲ့ ရိုက်ပါ။
၅။ ပြီးလျှင် အိုးအသေးတစ်လုံးထဲ ပြောင်းထည့်၍ မီးဖိုပေါ်တင်ပြီး ကျိုပါ။
၆။ အဆက်မပြတ်မွှေ၍ ပျစ်လာလျှင် မီးဖိုပေါ်မှချပြီး အအေးခံထားပါ။
၇။ အပေါ်ယံမတင်းဖို့အတွက် ပလတ်စတစ်နဲ့အုပ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။
၈။ Pastry လုပ်ဖို့အတွက် ထောပတ်နှင့် သကြားကို ဇလုံထဲထည့်ပြီး Electric Mixer နဲ့ မွှေပါ။
၉။ ပြီးလျှင် ကြက်ဥအနှစ် ၆ လုံးနှင့် ဗနီလာအနံ့ထည့်၍ ဆက်ပြီး မွှေပါ။
၁၀။ ပြီးလျှင် ဂျုံမှုန့်နှင့် ဆားထည့်၍ ဆက်ပြီး မွှေပါ။
၁၁။ အားလုံးနှံ့စပ်သွားလျှင် မွှေထားတဲ့မုန့်သားကို သန့်ရှင်းတဲ့စားပွဲပေါ်မှာ ဂျုံမှုန့်ဖြူးပြီး မုန့်သား ချောမွေ့ စေရန် နယ်ပါ။
၁၂။ မုန့်သားချောမွေ့လာလျှင် ပလတ်စတစ်နဲ့ လုံအောင်ထုပ်ပြီး ရေခဲသေတ္တာထဲမှာ ၁၀၊ ၁၅ မိနစ်ခန့် သိမ်းထားပါ။
၁၃။ ပြီးလျှင် ရေခဲသေတ္တာထဲမှ ထုတ်ပါ။ ပြီးလျှင် မုန့်သားတစ်ခုစာ ဖဲ့ယူပြီး Mini Pie Dish ဒါမှမဟုတ် Muffin ခွက်ထဲ (ကျွန်တော်ကတော့ Muffin ခွက်ကို သုံးတဲ့အတွက်) ထည့်၍ လက်နဲ့ ဖြည်းဖြည်းချင်း ဖိလှည့် ပြီး ခွက်တစ်ခုလုံး မုန့်သားဖုံးသွားအောင် လုပ်ပါ။ Muffin ခွက်ပေါ်မှာ တင်နေတဲ့ မုန့်သားကို ဓားဖြင့် ဖြတ်ပါ။
၁၄။ ကျန်တဲ့မုန့်သားအားလုံးကုန်အောင် ဆက်ပြီး လုပ်ပါ။ စုစုပေါင်း မုန့် ၁၆ ခု ရပါမယ်။
၁၅။ ပြီးလျှင် မုန့်ခွက်ထဲ ခက်ရင်းနဲ့ အပေါက် ၂၊ ၃ ပေါက် ဖောက်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲမှာ ၁၀၊ ၁၅ မိနစ်ခန့် သိမ်းထားပါ။
၁၆။ ပြီးလျှင် 180 ̊ C ကြိုတင်အပူပေးထားတဲ့ Oven မှာ ၁၅၊ ၂၀ မိနစ်ခန့် ဖုတ်ပါ။
၁၇။ ပြီးလျှင် Oven မှ ထုတ်ပြီး အအေးခံထားပါ။ အေးသွားလျှင် မုန့်ခွက် (Tart Shell) ကို Muffin ခွက်ထဲမှ ထုတ်ပါ။ ပြီးလျှင် အဆင်သင့်ပြင်ထားတဲ့ အဆာ Custard Filling ကို မုန့်တစ်ခွက်ချင်းစီ ထည့်ပါ။
၁၈။ ပြီးလျှင် ကြိုက်နှစ်သက်တဲ့အသီးများ ထည့်ပါ။ အသီးထည့်ပြီးလျှင် ကျိုထားတဲ့ သကြားရည်၊ ဒါမှမဟုတ် အသီးယိုတစ်မျိုးကို ရေအနည်းငယ်နဲ့ကျိုထားတဲ့ အချို ရည်ကို စုတ်တံဖြင့် အသီးများကို သုတ်ပေးပါ။