
by Syi Lwin for Food Magazine
စွပ်ပြုတ်ဆိုတာ အရသာ အာဟာရ ရရှိရမယ်လို့ စားသုံးသူတိုင်း အတွေးရှိထားတဲ့ အစားအစာပါ။
ပါဝင်ပစ္စည်းများ
အမဲအကြော – ၂၅ ကျပ်သား
အမဲသား – ၃၀ ကျပ်သား
ကြက်သွန်ဖြူ – ၅ မြွှာ (အခွံနွှာပြီး ဓားပြားရိုက်)
ကြက်သွန်နီ – ၁ ဥ (၄ ခြမ်း ခြမ်းထားပါ)
ချင်း – လက်တစ်ဆစ် (ဓားပြားရိုက်ထားပါ)
ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်ကောင်းစေ့အဖြူ – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
နံနံစေ့ – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
နာနတ်ပွင့် – ၁ ပွင့်
လေးညှင်း – ၃ ပွင့်
ကရဝေးရွက် – ၁ ရွက်
ငရုတ်သီးစိမ်း – ၃ တောင့် (ထက်ခြမ်းခွဲပါ)
စပါးလင် – ၁ ပိုင်း (ထု၍ ထုံးပြီး ထည့်ပါ)
သံပရာသီး – ၁ လုံး (အရည်ဖျန်းစားရန်)
ရှောက်ရွက် – ၂ ခက်
(မျှင်မျှင်လေး လှီးထားပါ။ စွပ်ပြုတ်အပေါ်မှာ ဖြူးစားရန်)
ပြုလုပ်နည်း
၁။ အိုးကြီးထဲ ပါဝင်ပစ္စည်းများအားလုံးထည့်၍ ပါဝင်ပစ္စည်းများ ရေမြုပ်အောင် ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။ ရေဆူလျှင် မီးမျှဉ်းမျှဉ်းလေးဖြင့် အိုးအဖုံး အုပ်ပြီး ရေခန်းတဲ့အထိ တည်ပါ။ ပထမအရည်ခန်းလျှင် ရေကို ဒုတိယအကြိမ်
၁ ၁/၂ ခွက် ထပ် ထည့်ပြီး ရေဆူအောင် တည်ပါ။
၂။ ရေဆူပြီး အကြောနူးလျှင် စားမြည်းပါ။ လိုတာထပ်ဖြည့်ပြီး စားခါနီးမှ သံပရာရည် နှင့် ရှောက်ရွက်ဖြူး၍ လိုသလိုသောက်သုံးနိုင်ပါပြီ။