
by Myint Oo Thar for Food Magazine
ပါ၀င္ပစၥည္းမ်ား
Pastry အတွက် လိုအပ်တာတွေကတော့-
ထောပတ်- ၂ဝဝ ဂရမ် (အတုံးသေးသေးတုံးထားပါ)
ဂျုံမှုန့်- ၃ဝဝ ဂရမ်
ရေခဲရေ- စားပွဲဇွန်း ၁၊ ၂ ဇွန်း
ဆား- အနည်းငယ်
Filling အဆာအတွက် လိုအပ်တာတွေကတော့-
ကြက်သွန်နီ- ၁၂၀ ဂရမ်
(အတုံးသေးသေးတုံးထားပါ)
မုန်လာဥနီ- ၂ဝဝ ဂရမ်
(အတုံးသေးသေးတုံးထားပါ)
အာလူး- ၄၅၀ ဂရမ်
(အတုံးသေးသေးတုံးထားပါ)
ပဲသီးစိမ်း (Frozen Green Peas) – ၁ဝဝ ဂရမ်
ထောပတ်- ၅၀ ဂရမ်
ဂျုံမှုန့်- စားပွဲဇွန်း ၃ ဇွန်း
နွားနို့- ၂၅၀ မီလီလီတာ
ဟင်းသီးဟင်းရွက်ပြုတ်ရည် (သို့) ရေ- ၂၅၀ မီလီလီတာ
ကြက်ဥအနှစ်- ၂ လုံး
Cheddar Cheese – ၁/၂ ခွက်
ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့်အမည်း- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်ဥ- ၁ လုံး (Glaziing)
ခ်က္နည္း
၁။ Pastry လုပ်ဖို့အတွက် ဇလုံထဲ ဂျုံမှုန့်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပါ။ ပြီးလျှင် ထောပတ်အတုံးလေးများထည့်ပြီး လက်ဖြင့် ခြေပါ။ ပြီးလျှင် ရေခဲရေထည့်ပြီး နယ်ပါ။
၂။ ပြီးလျှင် သန့်ရှင်းတဲ့ စားပွဲပေါ်မှာ နယ်ထားတဲ့ မုန့်သားတင်ပြီး မုန့်သားချောမွေ့
သွားအောင် နယ်ပါ။
၃။ မုန်သားချောမွေ့သွားလျှင် နှစ်ပိုင်းပိုင်းပါ။ ပြီးလျှင် ပလတ်စတစ်ဖြင့် ဖုံးပြီး ရေခဲ သေတ္တာထဲ ထည့်ထားပါ။ မာသွားသည်အထိ မထားမိဖို့ လိုပါတယ်။
၄။ မုန်လာဥနီနှင့် အာလူးကို နူးအောင် ပြုတ်ထားပါ။
၅။ အဆာချက်ဖို့အတွက် ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ပြီးလျှင် ကြက်သွန်နီ ထည့်ပြီး ကြက်သွန်ပျော့လာသည်အထိ ဆီသတ်ပါ။ ပြီးလျှင် ပြုတ်ထားတဲ့ အာလူးနှင့် မုန်လာဥနီ၊ ပဲစိမ်းတို့ကို ထည့်ပြီး မွှေပါ။ ပြီးလျှင် မီးဖိုပေါ်မှ ချထားပါ။
၆။ ဆော့စ်ချက်ဖို့အတွက် နောက်ဒယ်အိုးတစ်လုံးထဲ ထောပတ်ထည့်ပြီး အပူပေးပါ။ ပြီးလျှင် ဂျုံမှုန့်ထည့်ပြီး မွှေပါ။
၇။ ပြီးလျှင် နွားနို့ထည့်ပြီး မွှေပါ။ ပြီးလျှင် ရေ (သို့) ဟင်းသီးဟင်းရွက်ပြုတ်ရည် ထည့်ပါ။ မီးအရှိန်လျှော့ပြီး ပျစ်လာသည်အထိ ကျိုပါ။
၈။ ပျစ်လျှင် မီးဖိုပေါ်မှ ချပြီး ကြက်ဥအနှစ်နဲ့ ချိစ်ထည့်ပြီး မွှေပါ။ အဲဒါဆိုလျှင် ဆော့စ် အဆင်သင့် ဖြစ်ပါပြီ။
၉။ ချက်ထားတဲ့ ဆော့စ်ကို ချက်ထားတဲ့ ဟင်းသီးဟင်းရွက်အိုးထဲ ထည့်ပြီး မွှေပါ။ အရသာအတွက် ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ပါ။
၁၀။ ရေခဲသေတ္တာထဲက Pastry ၂ ထုပ်ကို ထုတ်ပါ။ အောက်ခြေအတွက် Pastry ၁ ထုပ် ကို ဂျုံအနည်းငယ်ဖြူးထားတဲ့ စားပွဲပေါ်မှာတင်ပြီး အဝိုင်းပုံရအောင် လှိမ့်ပါ။ Pie ဖုတ်မယ့်ခွက် Pie Dish နဲ့ တိုင်းပြီး လှိမ့်ပါ။
၁၁။ ပြီးလျှင် ခွက်ထဲထည့်ပါ။ ခွက်ရဲ့အောက်ခြေနဲ့ ခွက်ရဲ့ဘေးပတ်လည်တစ်ခုလုံးကို ဖုံးအောင် ထည့်ပါ။
၁၂။ ပြီးလျှင် ချက်ထားတဲ့ အဆာကို လောင်းထည့်ပါ။
၁၃။ ကျန်တဲ့ Pastry နောက် ၁ ထုပ်ကိုလည်း ဂျုံဖြူးထားတဲ့ စားပွဲပေါ်မှာ တင်ပြီး အဝိုင်း ပုံရအောင် တလိမ့်တုံးဖြင့် လှိမ့်ပါ။ ပြီးလျှင် ခွက် Pie Dish ထဲ ထည့်ထားတဲ့ အဆာ ပေါ်ကို တင်ပါ။ ပြီးလျှင် ကြက်ဥကိုခေါက်ပြီး ဘရပ်ရှ်ဖြင့် သုတ်ပါ။
၁၄။ Pie Dish ဘေးနှုတ်ခမ်းမှာ တင်နေတဲ့ Pastry ကို သပ်ရပ်သွားအောင် ဓားဖြင့် ဖြတ်ပါ။
၁၅။ Oven ထဲ ထည့်ပြီး မဖုတ်ခင်မှာ အပေါ်မှာ ဖုံးထားတဲ့ Pastry ကို ဓားဖြင့် ၂ နေရာ၊
၃ နေရာလောက် ထိုးဖောက်ထည့်ပါ။
၁၆။ ပြီးလျှင် 180 ̊ C မှာ ကြိုတင်အပူပေးထားတဲ့ Oven မှာ မိနစ် ၃၀၊ ၄၀ ခန့် ဖုတ်ပါ။