
by အံ့ဝင့္ထြဋ္ (MRTV – 4) for Food Magazine
ဒီဟင်းလျာကတော့ ရိုးရိုးရှင်းရှင်း လွယ်ကူတဲ့အပြင် အရသာလည်းရှိပြီး အာဟာရလည်းရှိတဲ့ ဟင်းလျာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
အမဲသား – ၂၅၀ ဂရမ်
ကြက်သွန်နီ – ၁ လုံး
ချင်း – ၅ ဂရမ်
ကြက်သွန်ဖြူ – ၅ မြွှာ
သကြား – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
တရုတ်မဆလာ – အနည်းငယ်
ဆီ – စားပွဲဇွန်း ၃ ဇွန်း
နှမ်းဆီမွှေး – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆား – အနည်းငယ်
ခရုဆီ – စားပွဲဇွန်း ၁ ဇွန်း
ကော်မှုန့် – စားပွဲဇွန်း ၁ ဇွန်း
ငရုတ်သီးကြော် – ၆ တောင့်ခန့်
ပဲငံပြာရည်အနောက် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲငံပြာရည်အကြည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ် – အနည်းငယ်
တရုတ်နံနံ – အနည်းငယ်
ပြုလုပ်နည်း
ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။ ချင်းကို အမျှင်များ လှီးဖြတ်ပါ။ ကြက်သွန်နီကို အတုံးသေးသေး တုံးပါ။ ကြက်သွန်မြိတ်ကို အနေတော် လှီးဖြတ်ပါ။ အမဲသားကို ပါးပါးလှီးပါ။ ပါးပါးလှီးထားတဲ့ အမဲသားကို တရုတ် မဆလာ၊ သကြား၊ ဆား၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ နှမ်းဆီ မွှေး၊ ဆီ၊ ငရုတ်ကောင်းမှုန့်နှင့် ကော်မှုန့်တို့ကို ထည့်ပြီး အရသာနယ်ပါ။ ကြက်သွန်ဖြူ/နီ၊ ချင်းကို ဆီသတ်ပါ။ အနံ့မွှေးလာလျှင် အရသာနယ်ထား တဲ့ အမဲသားထည့်ပြီး ဆီသတ်ပါ။ အရသာအပြင် ပဲငံပြာရည်အနောက်၊
ပဲငံပြာရည်အကြည်၊ ခရုဆီ၊ ဆား အနည်းငယ်၊ တရုတ်မဆလာနှင့် ငရုတ် ကောင်းမှုန့်တို့ကို ထည့်ပြီး မွှေပါ။ ရေအနည်းငယ်ထည့်ပြီး အနှစ်ရသည်
အထိ ချက်ပါ။ ငရုတ်သီးကြော်၊ ကြက်သွန်မြိတ်နှင့် တရုတ်နံနံကိုေြွခပြီး ထည့်ပါ။ ပြီးလျှင် ပန်းကန်ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။