
by Syi Lwin for Food Magazine
နေထိုင်မကောင်းလို့ နွမ်းလျအားနည်းသလို ခံစားနေရရင် အမြဲလုပ်စားဖြစ်တဲ့ စွပ်ပြုတ်ပါ။ မိုးရာသီမှာ မိုးမိလို့ နှာစေးပြီး အအေးမိ၊ ဖျားနာတဲ့အခါ ပူစပ်ပူရှိမ်းစွပ်ပြုတ်ကို သောက်ရင် ချွေးထွက်စေပြီး လူကို လန်းဆန်းသွားစေပါတယ်။ ငရုတ်သီးအစပ်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်တွေ စုံလင်စွာပါပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်တာ ကြောင့် ဖော်ပြလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
အမဲအူကြမ်း – ၃၀ ကျပ်သား
အမဲပုဆိုးကြမ်း – ၂၀ ကျပ်သား
အမဲအူ – ၂၀ ကျပ်သား
ကြက်သွန်ဖြူ – ၅ မြွှာ (အခွံနွှာပြီး ဓားပြားရိုက်ပါ)
ချင်း – လက်တစ်ဆစ် (ဓားပြားရိုက်ပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်သီးစိမ်း – ၅-၇ တောင့် (ထက်ခြမ်းခွဲပါ)
စပါးလင် – ၂ ချောင်း (ထု၍ ထုံးပြီး ထည့်ပါ)
သံပရာသီး – ၁ လုံး (အရည်ဖျန်းစားရန်)
ရှောက်ရွက် – ၂ ခက်
(ခပ်ပါးပါးမျှင်မျှင်လေး လှီးထားပါ။ စွပ်ပြုတ်အပေါ်မှာ ဖြူးစားရန်)
ပြုလုပ်နည်း
၁။ အိုးကြီးထဲ ပါဝင်ပစ္စည်းများအားလုံးထည့်၍ ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက် ဆူအောင် တည်ပါ။ ရေဆူလျှင် မီးမျှဉ်းမျှဉ်းလေးဖြင့် ၁ နာရီခန့် ရေခန်းတဲ့အထိ တည်ပါ။ အသားနူးအိအောင် ရေကို ဒုတိယအကြိမ် ၁ ခွက်ထပ်ထည့်ပြီး ရေဆူ အောင် တည်ပါ။
၂။ ရေဆူပြီး အနည်းငယ်ရေခန်းလျှင် စားမြည်းပါ။ လိုတာထပ်ဖြည့်ပြီး စားခါနီးမှ အတုံးသေးသေးတွေတုံး၍ သံပရာရည်နှင့် ရှောက်ရွက်ဖြူးပြီး လိုသလို သောက် သုံးနိုင်ပါပြီ။