အမဲရိုးနုစွပ်ပြုတ် (Beef Soft Bone Soup)

by Syi Lwin for Food Magazine

စွပ်ပြုတ်သောက်ရင် အရိုးကိုက်ပြီးမှ သောက်တတ်ကြတဲ့သူတွေအတွက် ရှယ်စွပ်ပြုတ်ကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

အမဲရိုးနု –  ၃၅ ကျပ်သား

ကြက်သွန်ဖြူ –  ၅ မြွှာ (အခွံနွှာပြီး ဓားပြားရိုက်ပါ)

ချင်း –  လက်တစ်ဆစ် (ဓားပြားရိုက်ထားပါ)

ဆား –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငံပြာရည် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်ကောင်းစေ့အမည်း –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

လေးညှင်း –  ၃ ပွင့်

ငရုတ်သီးစိမ်း –  ၃ တောင့် (ထက်ခြမ်းခွဲပါ)

စပါးလင် –  ၁ ပိုင်း (ထု၍ ထုံးပြီး ထည့်ပါ)

သံပရာသီး –  ၁ လုံး (အရည်ဖျန်းစားရန်)

ရှောက်ရွက် –  ၂ ခက်

(မျှင်မျှင်လေးလှီးထားပါ။ စွပ်ပြုတ်အပေါ်မှာ ဖြူးစားရန်)

ပြုလုပ်နည်း

၁။       အိုးကြီးထဲ ပါဝင်ပစ္စည်းများအားလုံးထည့်၍ ပါဝင်ပစ္စည်းများ ရေမြုပ်အောင် ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။  ရေဆူလျှင် မီးမျှဉ်းမျှဉ်းလေးဖြင့် ရေခန်းတဲ့ အထိ တည်ပါ။ ပထမအရည်ခန်းလျှင် ရေကို ဒုတိယအကြိမ် ၁ ခွက်ထပ်ထည့်ပြီး ရေဆူအောင် တည်ပါ။

၂။       ရေဆူလျှင် စားမြည်းပါ။ လိုတာထပ်ဖြည့်ပြီး စားခါနီးမှ သံပရာရည်နှင့် ရှောက်ရွက် ဖြူး၍ လိုသလို သောက်သုံးနိုင်ပါပြီ။

Facebook Comments