အသည်းကုန်းဘောင်ကြီးကြော်

ထမင်းမြိန်စေမယ့် ကုန်းဘောင်ကြီးကြော် ဆိုင်ဟင်းလေးကို အတော်များများ နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ချက်ရလွယ်ကူမြန်ဆန်တဲ့ ဟင်းတစ်ခွက်လည်း

ဖြစ်သလို ကုန်းဘောင်ကြီးကြော်ကို မိမိနှစ်သက်ရာ အသား၊ ငါး၊ ပုစွန်တို့ကို အသုံးပြု ကြော်လေ့ရှိကြပေမယ့် ဒီတစ်ခါတော့ အသည်းကို အသုံးပြုပြီး ကြော်ထားတဲ့ ပန်းသေးရိုးရာ ဟင်းတစ်ခွက်လည်းဖြစ်ပါတယ်။ သွေးအားကောင်းစေပြီး ဗီတာမင်ဓာတ်များစွာ ြွကယ်ဝတဲ့အသည်းကို လူတိုင်းမနှစ်ကြပေမယ့် စားသုံးသင့်တဲ့ အစားအစာတစ်ခုလည်း ဖြစ်ပါ

တယ်။ ဒါကြောင့် ကျန်းမာရေးကို အထောက်အကူပြုတဲ့ အသည်းကို စားမြိန်အောင် ကြော်ချက်နိုင်မယ့်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလေးမှာ အတတ်နိုင်ဆုံး

အချိုမှုန့်၊ ဟင်းခတ်မှုန့်၊ သကြားတို့မပါဘဲ ပဲငံပြာရည်အချိုအနည်းငယ်ကိုသာ အသုံးပြုထားပါတယ်။ ကြော်စားကြည့်ရအောင်နော် ။

Facebook Comments

by Sofia for Food Magazine

ပါ၀င္ပစၥည္းမ်ား

ငံပြာရည် –  စားပွဲဇွန်း ၂ ဇွန်း

အသည်း –  ၂ဝဝ ဂရမ်

(ကြက်၊ အမဲသား နှစ်သက်ရာအသည်း)

ကြက်သွန်နီ –  အနေတော် ၂ လုံး

ချင်း ကြက်သွန်ဖြူထောင်း –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား –  ဇွန်းတစ်ဝက်

ကော်မှုန့် –  ၁ ဇွန်း

ခရမ်းချဉ်သီး၊ ရွှေပဲ၊ ကြက်သွန်မြိတ်-  optional

ငရုတ်သီးခြောက် –  ၅ တောင့်

ရှောက်ကော တရုတ်မဆလာ –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဟွားကျောက် ဇီချွမ်းငရုတ်ကောင်း-  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ပဲငံပြာရည်အပျစ် –  စားပွဲဇွန်း ၁ ဇွန်း

ဆီ –  လိုသလောက်

ခ်က္နည္း

၁။        ဦးစွာ အသည်းကို ရေဆေးသန့်စင်ပြီး ပါးပါးလှီးပါ။ ပြီးလျှင် ဆား၊ ချင်း ကြက်သွန်ဖြူ ထောင်းနှင့် ကော်မှုန့်တို့ကို ထည့်ပြီး နယ်ထားပါ။

၂။         ကြက်သွန်နီကို အတုံးလှီးထားပါ။ ငရုတ်သီးခြောက် ေြွခထားပါ။ ခရမ်းချဉ်သီး၊ ရွှေပဲ၊ ကြက်သွန်မြိတ်ထည့်လိုပါက အနေတော်စိတ်ထားပါ။

၃။        အားလုံးအဆင်သင့်ဖြစ်လျှင် ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ (ဆီအနည်းငယ် ပိုထည့်ပေးမှ ဟင်းပွဲလှပါတယ်။)

၄။        ဆီပူလျှင် ငရုတ်သီးခြောက်ကို ကျွမ်းအောင်ကြော်ပြီး ဖယ်ထုတ်ထားပါ။ ပြီးလျှင် အရသာ နယ်နှပ်ထားသောအသည်းကို မီးပြင်းပြင်းဖြင့် ကြော်ပါ။ ရှောက်ကော၊ ဟွားကျောက်တို့ကို ထည့်ပါ။ အရောင်ပြောင်းပြီး အနည်းငယ် ခြောက်လာလျှင် အိုးထဲမှ ဖယ်ထုတ်ထားပါ။

၅။        အိုးထဲမှ လက်ကျန်ဆီဖြင့် ကြက်သွန်ထည့်ပြီး ကြော်ပါ။ မီးပြင်းဖြင့် အရောင်ပြောင်းပြီး ခြောက်ရုံကြော်ပါ။ ကြက်သွန်ကြော်ရပါက ဖယ်ထုတ်ထားသော အသည်းနှင့် ငရုတ် ခြောက်ကို ရောထည့်ပြီး သမအောင်မွှေပါ။

၆။        ပြီးလျှင် ပဲငံပြာရည်အပျစ်ထည့်ပါ။ နောက်ဆုံးမှာ ကြက်သွန်မြိတ်ထည့်၍ သမအောင်

မွှေပါ။ ပြီးလျှင် မီးဖိုပေါ်မှချ၍ ပန်းကန်ထဲထည့်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။ အသည်း ကုန်းဘောင်ကြီးကြော်ပါက မီးပြင်းပြင်းဖြင့် ကြော်ပါ။ စားချင်စဖွယ် အနံ့၊ အရသာ ရရှိစေ ရန် ရေမထည့်ဘဲ အနည်းငယ်ခြောက်သည်အထိ ကြော်ပါ။