အာလူးကြက်အူချောင်းစတူး

KTH_1

      Spanish အစားအစာတစ်မျိုးဖြစ်ပါတယ်။ ချက်ပြုတ်ရတာ အရမ်းရိုးရှင်းလွယ်ကူပြီး  ပါဝင်ပစ္စည်းတွေကလည်း ရှာရလွယ်ကူပါတယ်။ တစ်ခုပဲသတိထားရမှာက ချက်တဲ့နေရာမှာ ပါဝင်ပစ္စည်းတွေကို ရှေ့နောက်အစဉ်အတိုင်းထည့်တာ မှန်ဖို့နဲ့ အချိန်တိကျမှုရှိဖို့လိုပါ တယ်။ ဒီလိုဆိုရင်တော့ အနံ့၊ အရသာကောင်းတဲ့ နိုင်ငံရပ်ခြားဟင်းလျာတစ်ခုကိုရနိုင်ပါလိမ့်မယ်။ ချက်ကြည့်လိုက်ရအောင် . . . ။

►    ပါဝင်ပစ္စည်းများ
♦    အာလူး    –    ၂ လုံး (အခွံခွာပြီးတစ်လက်မအရွယ်အတုံးတုံးထားပါ)
♦    Cocktail ကြက်အူချောင်း    –    ၃ ချောင်း (လက်မဝက်အထူလှီးထားပါ)
♦    ကြက်သွန်နီဥကြီးကြီး    –    ၁ လုံး (စဉ်းထားပါ)
♦    ကြက်သွန်ဖြူ    –    ၂ တက် (စဉ်းထားပါ)
♦    ကရဝေးရွက်
♦    တရုတ်နံနံပင်    –    ၂ ပင် (စဉ်းထားပါ)
♦   Smoked Paprika Powder    –    အနည်းငယ်
♦    ကြက်ပြုတ်ရည်    –    ၆ဝဝ မီလီလီတာ
♦    ဆား    –    လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦    ငရုတ်ကောင်းမည်းအမှုန့်    –    အနည်းငယ်
♦    ပေါင်မုန့်မီးကင်    –    ၁ ချပ်
♦    သံလွင်ဆီ    –    အနည်းငယ်

►    ချက်ပြုတ်ပုံအဆင့်ဆင့်
၁။    သံလွင်ဆီအိုးကို မီးအလယ်အလတ်ဖြင့်တည်ပြီး  ကြက်သွန်နီများကို ဆီသတ်ပါ။ ဆားအနည်းငယ် ထည့်ပေးပြီး အညိုရောင်သမ်းပြီး ပျော့လာသည်အထိ ၅ မိနစ်ခန့်မွှေပေးပါ။
၂။    ကြက်အူချောင်းများထည့်ပြီး ထည့်မွှေပေးပါ၊ ကြက်အူချောင်းများ အနားစွန်းများ ညိုလာသည်အထိ ၃ မိနစ်ခန့်မွှေပေးပြီးလျှင် ကြက်သွန်ဖြူများထည့်ပြီး ၁ မိနစ်ခန့်မွှေပေးပါ။
၃။    အာလူးများထည့်ပြီး ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး ၃ မိနစ်ခန့်မွှေပေးထားပါ။
၎။    ကြက်ပြုတ်ရည်၊ ကရဝေးရွက်၊ Paprika Powder များထည့်ပြီး မီးလျော့ပြီး အရည်အနည်းငယ်ခန်းသည်အထိ ၁၂ မိနစ်တည်ထားပါ။ နောက်ဆုံး အာလူးများကျတ်လျှင် ဆား၊ ငရုတ်ကောင်းတို့နှင့် အရသာပြင်ဆင်ပြီး တရုတ်နံနံများ အပေါ်မှဖြူးပြီး မီးကင်ပြီးသားပေါင်မုန့်နှင့် သုံးဆောင်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments