အိန္ဒိယစတိုင်လ် အသီးအရွက်လုံးကြော်

Facebook Comments

Tin Tin Oo

ပါ၀င္ပစၥည္းမ်ား

ပါဝင်ပစ္စည်းများ

ပဲသီး         – ၃၀ ဂရမ် (ပါးပါးလှီးပါ)

ရုံးပတီသီး       – ၃၀ ဂရမ် (ပါးပါးလှီးပါ)

ပန်းဂေါ်ဖီ        – ၅၀ ဂရမ်

ခရမ်းသီး            – ၃၀ ဂရမ် (အတုံးသေးသေးလေးတွေ လှီးပါ)

မုန်လာဥနီ        – ၃၀ ဂရမ် (အတုံးသေးသေးနဲ့ ပါးပါးလှီးပါ)

နံနံပင်       – ၂ ဂရမ်(ပါးပါးလှီးပါ)

ကြက်သွန်နီ        – ၃၀ ဂရမ် (နုပ်နုပ်စဉ်းပါ)

ကြက်ဥ          – ၁ လုံး

ငရုတ်သီး          – ၃ တောင့် (ပါးပါးလှီးပါ)

နနွင်းမှုန့်        – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား         – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးအစိမ်းမှုန့်           – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဇီရာ          – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

စမုန်စပါး         – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မဆလာ       – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချင်း          – ၂ ဂရမ် (နုပ်နုပ်စဉ်းပါ)

ကြက်သွန်ဖြူ           – ၃ ဂရမ် (နုပ်နုပ်စဉ်းပါ)

ပဲအစိမ်းမှုန့်           – စားပွဲဇွန်း ၃ ဇွန်း

ပြောင်းဖူးမှုန့်         – ၁ ထုပ်

ရေ           – ၃၀၀ မီလီလီတာ

ခ်က္နည္း

ပြုလုပ်ပုံ

ပန်းကန်လုံးတစ်လုံးထဲ ပါဝင်ပစ္စည်းများအားလုံးကို ထည့်ပြီး သမအောင် နယ်ပါ။ ပြီးလျှင် ဆူပူပူမှာ အနေတော်အရွယ်အလုံးလေးတွေ လုံးပြီး ကြော်ပါ။ အရောင်သန်းလာပြီဆို ဆယ်ယူဆီစစ်ပြီး သုံးဆောင်နိုင်ပါပြီ။

Menu