
Italian Seafood ကတော့ ပင်လယ်စာကြိုက်နှစ်သက်သူများအတွက်ပါ။ ဒီဟင်းချိုချက်မယ်ဆိုရင်တော့ လတ်ဆတ်တဲ့ ပင်လယ်စာတွေကို သုံးဖို့လိုပါတယ်။ ကြိုက်နှစ်သက်တဲ့ ပင်လယ်စာမျိုးစုံနဲ့ ချက်လို့ရပါတယ်။
► လိုအပ်သောပစ္စည်းများ
♦ ပင်လယ်ငါး (Red Snapper) – ၁ ကောင် (၅ဝgm)
♦ ကြက်သွန်နီဥအကြီး – ၁ ဥ
♦ Celery – ၄gm (နုပ်နုပ်စဉ်းပါ)
♦ ရေ – ၃ ခွက်
♦ ပုစွန် – ၂၅ဝ ဂရမ် (အခွံခွာထားပါ)
♦ ယောက်သွား (Black Mussels) – ၂၅ဝ ဂရမ်(ယောက်သွားအခွံကို ပြောင်အောင်ဆေးထားပါ)
♦ ကြိုက်နှစ်သက်တဲ့ ပင်လယ်ငါးအသားလွှာ – ၂၅ဝ ဂရမ်
♦ ခရမ်းချဉ်သီးမှည့် – ၂ လုံး (နုပ်နုပ်စဉ်းထားပါ)
♦ ခရမ်းချဉ်သီးပြုတ်ပြီး အခွံခွာပြီးသားဘူး – ၂ဝဝ ဂရမ် (Can Whole Tomatoes)
♦ အာလူး – ၂၅ဝ ဂရမ် (အခွံခွာပြီး နုပ်နုပ်စဉ်းပါ)
♦ ကြက်သွန်ဖြူ – ၁ မြှောင့် (နုပ်နုပ်စဉ်းပါ)
♦ ခရမ်းချဉ်သီးအနှစ် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
♦ အီတလီနံနံပင် – ၂ ပင် (နုပ်နုပ်စဉ်းပါ)
♦ သကြား – အနည်းငယ်
အိုးတစ်လုံးတွင်ရေ၊ ငါး၊ ကြက်သွန် Celery တို့ထည့်ပြီး ဆူလာအောင်ထည့်ထားပါ။ ဆူလာသည် နှင့် မီးအရှိန်လျော့ပြီး အဖုံးဖုံးပြီး မိနစ် ၃ဝ ခန့်ထည့်ထားပါ။ ပြီးလျှင် ငါးပြုတ်ရည်ကို ဆန်ခါဖြင့်စစ် ယူပြီးသိမ်းထားပါ။ စစ်ထားတဲ့ ကြက်သွန်ဖတ် နှင့် Celery တို့ကို သွန်ပစ်ပြီး ငါးကိုအရိုးထွင်ပြီး ငါးအသားများကိုသိမ်းထားပါ။
► ပြုလုပ်နည်း
ဒယ်အိုးအပြားတွင် ဆေးထားတဲ့ယောက်သွားကို ရေအနည်းငယ်ထည့်ပြီးပြုတ်ပါ။ အဖုံးဖုံးပြီး ၄ မိနစ်ခန့်ပြုတ်လျှင် ယောက်သွားများပွင့်လာလျှင် ဆယ်ယူပါ။ မပွင့်တဲ့ ယောက်သွားများကိုသွန်ပစ်ပါ။ ပြီးလျှင် အိုးတစ်လုံးတွင်သိမ်းထားတဲ့ ငါးပြုတ်ရည်ထည့်ပြီး ဆူလာအောင်ထည့်ပါ။ ငါးပြုတ်ရည်ဆူသည်နှင့် ခရမ်းချဉ်သီးအခွံနွာပြီးသား ခရမ်းချဉ်သီးနှင့် ဘူးထဲမှာ အရည်၊ အာလူး၊ ကြက်သွန်ဖြူ၊ အရိုးထွင်ထားတဲ့ငါး၊ Oregano ၊ သကြား၊ ခရမ်းချဉ်သီးအနှစ်ထည့်ပြီး မိနစ် ၃ဝ ခန့်ချက်ပါ။ အာလူးနူးလျှင် ပုစွန်နှင့် ငါးအသားလွှာနှင့် ယောက်သွားတို့ကိုထည့်ပါ။ ပြီးလျှင် အီတလီနံနံပင်အုပ်ပြီး သုံးဆောင်နိုင်ပါပြီ။