
Cream Of Vegetable Soup ကတော့ လူအများစုကြိုက်နှစ်သက်ပြီး ချက်ရတာလွယ်ကူတဲ့ ဟင်းချိုတစ်ခွက်ပါ။
ဒီဟင်းချိုပူပူလေးကတော့ Garlic Bread နဲ့တွဲဖက်စားသုံးပါက အင်မတန်မှလိုက်ဖက်ပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေကလည်း
အလွယ်တကူရရှိနိုင်တာမို့ ဘယ်လိုပြင်ဆင်ချက်ပြုတ်ရမယ်ဆိုတာကို ကြည့်ကြရအောင်။
► လိုအပ်သောပစ္စည်းများ
♦ အာလူး – ၁ဝဝ ကီလိုဂရမ် (အတုံးသေးသေးတုံးပါ)
♦ မုန်လာဥအနီ – ၁ ဥ (အတုံးသေးသေးတုံးပါ)
♦ ကြက်သွန်နီ – ၁ ဥ (အတုံးသေးသေးတုံးပါ)
♦ Celery – ၁ ချောင်းပါးပါးလှီး
♦ Leek – ၂ ချောင်းပါးပါးလှီး (အဖြူရောင်အပိုင်းချည်းပဲလှီးပါ။)
♦ ထောပတ် – ၁၂ဝ ကီလိုဂရမ်
♦ ရေ – ၁.၅ လီတာ
♦ ခရင်မ် – ၂ဝဝ မီလီလီတာ
♦ ကရဝေးရွက် – ၁ ရွက်
♦ ဆားနှင့် ငရုတ်ကောင်းမှုန့် – အနည်းငယ်
► ပြုလုပ်နည်း
ပထမဦးဆုံး အိုးတစ်လုံးတွင် ထောပတ်ထည့်ပြီး အပူပေးပါ။ ထောပတ်အရည်ပျော်သည်နှင့် အဆင်သင့်ပြင်ထားတဲ့ အာလူး၊ မုန်လာဥအနီ၊ ကြက်သွန်နီ၊ Celery ၊ Leek တို့ကိုထည့်ပြီး ပျော်လာသည်နှင့် ရေနှင့်Bay Leaf ထည့်ပြီး ဆူလာအောင်တည်ပါ။ ပြီးလျှင် မီးအရှိန်လျော့ပြီး မိနစ် ၃ဝ ခန့် ဆက်ပြီးတည်ထားပါ။ ဟင်းသီးဟင်းရွက်များ ပျော့ပြီးနူးလျှင် မီးဖိုပေါ်မှချပြီး အအေးခံထားပါ။ ပြီးလျှင် Food Processor ဒါမှမဟုတ် လျှပ်စစ် Blender တွင် ထည့်ပြီးကြိတ်ပါ။
ပြီးလျှင် အိုးထဲပြန်ထည့်ပြီး မီးဖိုပေါ်တင်ပြီး အပူပေးပါ။ ပြီးလျှင် Cream ၊ ဆား၊ ငရုတ်ကောင်းမှုန့်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။