by ဆန်းဆန်းဦး for Food Magazine
ချစ်စွာသော စာရှုသူများရှင်-
ယခုလမှာတော့ မြန်မာ့ရိုးရာ အစားအစာနှင့် အာဟာရ အခန်းကနေ “ငါးနှပ်” ကို စီမံ ချက်ပြုတ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြဖို့ စီစဉ်ထားပါတယ်။
ငါးနှပ်ကို စာရှုသူများ သိရှိကြပြီးဖြစ်ကြမယ်လို့ ထင်ပါတယ်။ ငါးနှပ်လို့ဆိုရာမှာ ငါးနှပ်အစိုကို ချက်ပြုတ်စားသုံးနည်းများအပြင် ငါးနှပ်ခြောက်ကို စီမံချက်ပြုတ် စားသုံးပုံ များကိုပါ တင်ပြမှာဖြစ်ပါတယ်။
ဦးစွာ ငါးနှပ်အစိုကို ဟင်းချိုချက်မယ်ဆိုရင်တော့ ငါးနှပ် ၂၀ ကျပ်သား၊ ကြက်သွန်ဖြူ ၂ ဥ၊ နနွင်းမှုန့်၊ ဆား၊ စိမ်းစားငါးပိ အနည်းငယ်နှင့် ငရုတ်ကောင်း သင့်ရုံ လိုအပ်ပါတယ်။
ပထမဆုံး ငါးနှပ်တွေကို ဗိုက်ခွဲပြီး အညစ်အကြေးတွေ ထုတ်ပစ်ရပါမယ်။ ပြီးလျှင် ပါးဟက်နဲ့ ခေါင်းကို ဖြတ်ထုတ်ပစ်ရပါမယ်။ အဲဒီနောက် ငါးနှပ်တွေကို ရေစင်အောင် ဆေး၍ နှစ်ပိုင်းပိုင်းပြီး နနွင်းမှုန့်၊ ဆားနှင့် စိမ်းစားငါးပိတို့ကို ထည့်၍ ဆုပ်နယ်ထားရပါမယ်။ ငရုတ်ကောင်းကို လှော်ပြီး မှုန့်နေအောင် ထောင်းထားရပါမယ်။ ကြက်သွန်ဖြူတွေကို တော့ အခွံနွှာပြီး ဓားပြားရိုက်ထားရပါမယ်။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် အိုးခပ်သင့်သင့်တစ်လုံးထဲမှာ ရေသင့်ရုံ ထည့် ပြီး ပွက်ပွက်ဆူအောင် တည်ရပါမယ်။ ရေနွေးအိုးပွက်ပွက်ဆူလာတဲ့အခါ နနွင်းမှုန့်၊
ဆား၊ စိမ်းစားငါးပိတို့နဲ့ နယ်ထားတဲ့ ငါးနှပ်တို့ကို ထည့်ရပါမယ်။ ငါးနှပ်က နူးညံ့တာမို့ ဟင်းချိုအိုးထဲ ခပ်ထည့်ပြီးတဲ့အခါ ရေသင့်ရုံထည့်ပြီး ပွက်ပွက်ဆူအောင် တည်ရပါမယ်။ ရေနွေးအိုး ပွက်ပွက်ဆူလာတဲ့အခါ နနွင်းမှုန့်၊ ဆား၊ စိမ်းစားငါးပိတို့နဲ့ နယ်ထားတဲ့ ငါးနှပ်တွေကို ထည့်ရပါမယ်။ ငါးနှပ်က နူးညံ့တာမို့ ဟင်းချိုအိုးထဲ ခပ်ထည့်ပြီးတဲ့အခါ သိပ်အကြာကြီး ချက်ဖို့မလိုဘဲ ခဏအတွင်းမှာ အသားတွေ နူးသွားနိုင်ပါတယ်။
ငါးတွေကို ခပ်ပြီး ခဏအကြာမှာ ကြက်သွန်ဖြူဓားပြားရိုက်ထားတာတွေကို ခပ်ရ ပါမယ်။ အပေါ့အငန်အတွက် ဆားသင့်ရုံထည့်ပြီး အိုးချခါနီးမှာ ငရုတ်ကောင်း ထောင်း ထားတာတွေ ထည့်ရပါမယ်။ ဒီအခါမှာတော့ ငရုတ်ကောင်းနံ့သင်းနေပြီး အရသာ ချိုမြတဲ့ ငါးနှပ်ဟင်းချို ပူပူနွေးနွေးကို စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။ ငါးနှပ်ဟင်းချိုကို သရက်ချဉ်သုပ်၊ ငါးချဉ်သုပ်၊ ပုစွန်ချဉ်သုပ် စတဲ့ အချဉ်သုပ် တစ်မျိုးမျိုးနဲ့ တွဲဖက်သုံးဆောင်လေ့ရှိပါတယ်။ ငါးနှပ်ကို ဟင်းချိုချက်သောက်နိုင်သလို ဆီပြန်ဟင်းချက်စားလို့လည်း ရပါတယ်။ငါးနှပ်အစိုကို ဆီပြန်ချက်မယ်ဆိုရင်တော့ ငါးနှပ်အစို ၃၀ ကျပ်သား၊ ကြက်သွန်ဖြူ ၂ ဥ၊ ကြက်သွန်နီ ၂ ဥ၊ ချင်း လက်တစ်ဆစ်၊ ငရုတ်သီးအပွတောင့် ၃ တောင့်၊ နနွင်းမှုန့်နှင့် ဆား သင့်ရုံအပြင် စိမ်းစားငါးပိလည်း အနည်းငယ် လိုအပ်ပါတယ်။ လိုအပ်တဲ့အစာတွေစုံပြီဆိုလျှင် ဦးစွာ ငါးနှပ်များကို ဗိုက်ဖောက်ပြီး အညစ် အကြေး ထုတ်ပါ။ ခေါင်းဖြတ်၍ ရေစင်အောင်ဆေးပြီး လက်လေးလုံးလေးတွေ ပိုင်းထားရပါမယ်။ ပြီးလျှင် နနွင်းမှုန့်၊ ဆား၊ ငါးပိတို့နဲ့ ဆုပ်နယ်ထားရပါမယ်။ ငရုတ်သီးအပွတောင့်များကို ရေစိမ်ပြီး နူးလာတဲ့အခါ ညက်နေအောင် ထောင်းရပါမယ်။ ငရုတ်သီးတွေ ညက်သွားတဲ့ အခါ ချင်းကို အခွံနွှာ၍ ပါးပါးလှီးပြီး ထည့်ထောင်းရပါမယ်။ ချင်းညက်သွားပြီဆိုလျှင် ကြက်သွန်ဖြူထည့်ထောင်းပြီး နောက်ဆုံးမှာတော့ ကြက်သွန်နီကို ထည့်ထောင်းရပါ မယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် ဒယ်အိုးထဲမှာ ဆီသင့်ရုံထည့်ပြီး တည်ရပါမယ်။ဆီကျက်တဲ့အခါ ကြက်သွန်အဖြူ/ အနီ၊ ငရုတ်သီးစတဲ့ အမွှေးအကြိုင်များကို ထည့်ပြီး ဆီသတ်ရပါမယ်။ မွှေးနံ့ထွက်လာတဲ့အခါ ဆားနယ်ထားတဲ့ ငါးနှပ်များကို ထည့်ရပါမယ်။ ငါးနှပ်ရဲ့အသားတွေဟာ အလွန်နူးညံ့တာမို့ ဟင်းအိုးထဲမှာ မွှေတဲ့အခါ ခပ်ဖွဖွလေး မွှေပေးရပါမယ်။ ငါးနှပ်ဆီပြန်ချက်တဲ့အခါ တချို့က အချိုဆီပြန် ချက်စားကြပေမယ့် တချို့ကတော့ မန်ကျည်းမှည့်၊ မဆလာတို့ခတ်ပြီး အချဉ်မဆလာလေး ချက်စားလေ့ ရှိပါတယ်။ ငါးနှပ်အစိုကို ဆန်နှစ်နှင့်အတူ ဘူးသီးကြော် ကြော်သလို ငါးပေါင်းကြော် ကြော်စား လို့လည်း ရပါတယ်။ အဲဒီငါးနှပ်ကြော်ကို ဒီအတိုင်း ရေနွေးကြမ်းနဲ့ မြည်းနိုင်သလို ထမင်းနှင့် တွဲပြီး ဟင်းလျာအဖြစ်လည်း စားသုံးနိုင်ပါတယ်။ ငါးနှပ်အချိုကို ဟင်းချိုချက်သောက်၊ ဆီပြန်ချက်စား၊ ကြော်စားနိုင်သလို ငါးနှပ်ကို ကြာရှည်စားသုံး နိုင်အောင် အခြောက်ခံပြီး ငါးနှပ်ခြောက်လည်း ပြုလုပ်စားသုံးနိုင်ပါတယ်။ငါးနှပ်ခြောက်ကို တချို့က အာပြဲခြောက်လို့ လူသိများပြီး အာပြဲခြောက်လို့သာ ခေါ်ဝေါ် သုံးစွဲကြပါတယ်။ အာပြဲခြောက်လို့လည်း ခေါ်ဝေါ်တဲ့ ငါးနှပ်ခြောက်ကိုတော့ မီးဖုတ်စား၊ ကြော်စားနိုင်သလို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်စားလို့လည်း ရပါတယ်။ ငါးနှပ်ခြောက်ကို ကြော်စားမယ်ဆိုရင်တော့ အကောင်လိုက် ရေဆေးပြီး ခေါင်း တွေကို ဖြတ်ပစ်ရပါမယ်။ ပြီးလျှင် လက်နှစ်သစ်အရွယ် အနေတော်ပိုင်းဖြတ်၍ ဆီပူထဲမှာ ထည့်ကြော်ပြီးြွကပ်ြွကပ်ရွရွ ချိုချိုမြမြလေး စားသုံးနိုင်ကြပါတယ်။ အဲဒါက အလွယ်ဆုံး စီမံစားသုံးတဲ့ နည်းဖြစ်ပါတယ်။ ငါးနှပ်ခြောက်ကို ငရုတ်သီးနဲ့ ကြော်မယ်ဆိုရင်တော့ ငါးနှပ်ခြောက် ၂၀ ကျပ်သား၊ ငရုတ်သီးစိမ်းအကြမ်းမှုန့် ၅ ကျပ်သား၊ ကြက်သွန်နီ ၄ ဥနှင့် ဆီ ၅ ကျပ်သားတို့ လိုအပ်ပါတယ်။
လိုအပ်တဲ့ အဆာတွေ စုံပြီဆိုလျှင် ပထမဆုံး ငါးနှပ်ခြောက်တွေကို ခေါင်းဖြတ် ထုတ်ပြီး အနေတော်ပိုင်းဖြတ်ထားရပါမယ်။ ကြက်သွန်နီတွေကို အခွံပါးပါး လှီးထား ရပါမယ်။ ပြီးလျှင် ဒယ်အိုးထဲ ဆီထည့်ပြီး ဆီကျက်တဲ့အခါ ကြက်သွန်နီတွေကိုြွကပ် နေအောင်ကြော်ပြီး ဆီအိုးထဲက ဆယ်ယူထားရပါမယ်။ အဲဒီနောက် ငါးနှပ်ခြောက်များကို ထည့်ပြီးြွကပ်နေအောင် ကြော်ရပါမယ်။
ငါးနှပ်ခြောက်တွေြွကပ်လာပြီဆိုလျှင် ငရုတ်သီးစိမ်းအကြမ်းမှုန့်များကို ထည့်ပြီး သမအောင် မွှေရပါမယ်။ ငရုတ်သီးတွေ မွှေးလာတဲ့အခါ စောစောက ကြော်ထားတဲ့ ကြက်သွန်နီကြော်များကို ထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ဒီအခါမှာတော့ြွကပ်ြွကပ် ရွရွ မွှေးမွှေးကြိုင်ကြိုင်နဲ့ ထမင်းမြိန်စရာ ငါးနှပ်ခြောက်ကြော်တစ်ပွဲကို ရရှိပြီဖြစ်ပါ တယ်။ ငါးနှပ်ခြောက်ကြော်ကိုတော့ သီးစုံကုလားဟင်း မွှေးမွှေးလေးနဲ့ တွဲဖက်သုံးဆောင် လေ့ရှိပါတယ်။ ငါးနှပ်ခြောက်ကို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်စားလို့လည်း ရပါတယ်။ ငါးနှပ် ခြောက်ကို ဟင်းချက်မယ်ဆိုရင်တော့ ငါးနှပ်ခြောက် ၁၀ ကျပ်သား၊ ခရမ်းချဉ်သီး ၆ လုံး၊ ကြက်သွန်ဖြူ ၁ ဥ၊ ကြက်သွန်နီ ၂ ဥ၊ ငရုတ်သီးအပွတောင့် ၃ တောင့်နှင့် ဆီ ၃ ကျပ်သားတို့ လိုအပ်ပါတယ်။
လိုအပ်တဲ့ အဆာတွေ စုံပြီဆိုလျှင် ငါးနှပ်ခြောက်များကို ခေါင်းဖြတ်၊ ရေဆေးပြီး အနေတော် တုံးတစ်ထားရပါမယ်။ ငရုတ်သီးနှင့် ကြက်သွန်အဖြူ/အနီတို့ကို ညက်နေ အောင် ထောင်းထားရပါမယ်။ ခရမ်းချဉ်သီးတွေကို ခပ်သေးသေးလေးတွေ လှီးထားရပါ မယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် ဒယ်အိုးထဲ ဆီထည့်ပြီး ဆီသတ်ရပါမယ်။ ဆီ ကျက်တဲ့အခါ အသင့်ထောင်းထားတဲ့ အမွှေးအကြိုင်များ ထည့်ပြီး အနီရောင်သန်းလာ တဲ့အထိ ဆီသတ်ရပါမယ်။ အဲဒီနောက် ခရမ်းချဉ်သီးများထည့်ပြီး ခရမ်းချဉ်သီး လိပ်သွား ပြီဆိုလျှင် ငါးခြောက်တွေကို ထည့်ရပါမယ်။ ငါးခြောက်နူးသွားပြီဆိုလျှင် အိုးကိုချပြီး အရသာရှိတဲ့ ငါးနှပ်ခြောက်ဟင်းတစ်ပွဲကို စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါ တယ်။ ငါးနှပ်ခြောက်ကို မီးအေးအေးနဲ့ကင်၍ ထုပြီး ဆီဆမ်းကာ စားသုံးရင်လည်း အရသာ ချိုမြမြနဲ့ စားရတာ ခံတွင်းတွေ့စေပါတယ်။ ငါးနှပ်ခြောက်မီးဖုတ်၊ ငါးနှပ်ခြောက်ကြော် တွေကို နံနက်စောစော ထမင်းကြမ်းနဲ့ စားသုံးနိုင်သလို ကောက်ညှင်းပေါင်း ပူပူလေးနဲ့ တွဲဖက်သုံးဆောင်လို့လည်း ရပါတယ်။ ငါးနှပ်ခြောက်လို့ခေါ်တဲ့ အာပြဲခြောက်ထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ငါးနှပ်ခြောက်စားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၃၁၄ ကီလိုကယ်လိုရီ၊ ပရိုတင်းဓာတ် ၇၀.၆၀ ဂရမ်နှင့် ကာဗိုဟိုက်ဒြိတ် ၂.၅ ဂရမ်တို့
ပါဝင်တာကို တွေ့ရပါတယ်။
ချစ်စွာသော စာရှုသူများရှင်-
ယခုလမှာတော့ ငါးနှပ်အစိုနဲ့ ငါးနှပ်အခြောက်ကို စီမံချက်ပြုတ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်း ရေးသားတင်ပြရင်း ဒီမှာတင်ပဲ ရပ်နားခွင့်ပြုပါရှင်။