
ပြီးခဲ့တဲ့ မုန်လာဥခြောက်ကိုသုံးပြီး ဟင်းချက်ကြည့်ကြရအောင်။ ကြက်သား၊ ဝက်သား နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ ဝက်သားကိုသုံးရင်တော့ ပိုပြီးစားကောင်းပါတယ်။ ဒီဟင်းချက်နည်းအတွက်တော့ ကြက်သားကိုသုံးပြီး ချက်ပြထားပါတယ်။
► ပါဝင်ပစ္စည်းများ
♦ ကြက်တစ်ခြမ်း – ခပ်သေးသေးတုံးထားပါ
♦ မုန်လာဥခြောက် – လက်တစ်ဆုပ်စာ
♦ မှိုခြောက် – ၆ ခု
♦ ကြက်သွန်နီဥကြီး – ၂ ဥ
♦ ကြက်သွန်ဖြူ – ၆ မြွှာ
♦ ချင်း – လက်တစ်ဆစ်စာ
♦ ခရုဆီ – စားပွဲဇွန်း ၁ ဇွန်း
♦ ငရုတ်ကောင်း – အနည်းငယ်
► ချက်နည်း
၁။ ကြက်သားကို ခရုဆီ၊ ဆားအနည်းငယ်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ နာရီဝက်ခန့်နှပ်ထားပါ။
၂။ မှိုခြောက်၊ မုန်လာဥခြောက်များကို နာရီဝက်ခန့်ရေစိမ်ပါ။
၃။ ချင်း၊ ကြက်သွန်ဖြူကိုလည်း ရောထောင်းထားပါ။
၎။ ကြက်သွန်နီများကို နုပ်နုပ်စဉ်းပါ။
၅။ ဆီစားပွဲဇွန်း ၄ ဇွန်းခန့်နှင့် နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို အပူပေးကာ ကြက်သွန်ဖြူ၊ နီ၊ ချင်း များကိုဆီသတ်ပါ။
၆။ ကြက်သွန်နွမ်းလာလျှင် ကြက်သားများထည့်ကာ လုံးပေးပါ။
၇။ ထို့နောက် ပဲငံပြာရည်အကြည် စားပွဲဇွန်း ၁ ဇွန်းခွဲ၊ ကြာညှို့အနည်းငယ်ထည့်ကာ ကြက်သားအပေါ်ယံများတင်းသည်အထိကြော်ပေးပါ။
၈။ ရေစိမ်ထားသော မုန်လာဥခြောက်၊ မှိုများကို ရောထည့်ကာ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ကာ နူးအောင်တည်ပါ။
၉။ အနှစ်များများနှစ်သက်ပါက ကြက်သားနူးပြီး ဟင်းအိုးချခါနီးမှာ ကော်ရည်အနည်းငယ်ထည့်နိုင်ပါတယ်။
၁ဝ။ ကြက်သားလည်းနူး ကော်ရည်လည်းပျစ်လာပြီဆိုရင် ငရုတ်ကောင်းဖြူးပြီး မီးပေါ်မှချကာ သုံးဆောင်နိုင်ပါပြီ။
http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen