
မိုးရာသီဝင်ကာစ ခပ်အေးအေးအနေမှာ စားလို့အကောင်းဆုံးက ကြာဆံချက်နဲ့ ရှောက်သီးသုပ်ပေါ့နော်။
ရှောက်သီးသုပ်အတွက် ပါဝင်ပစ္စည်းများ
♦ ရှောက်သီး – ၁ လုံး
♦ ကြက်သွန်နီ – ၁ လုံး
♦ ကြက်သွန်ဖြူဆီချက် – စားပွဲဇွန်း ၁ ဇွန်း
♦ ငါးပိ – ၁ ဇွန်း(အချိုဇွန်း)
♦ ပုစွန်ခြောက်ထောင်း – ၂ ဇွန်း
♦ ငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
♦ ငရုတ်သီးမှုန့် – စားပွဲဇွန်း ၂ ဇွန်း
♦ ကြက်သားမှုန့် – စားပွဲဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ရှောက်သီးဖတ်လေးများ နွှင်ထားကာကြက်သွန်ပါးပါးလှီးပြီး အထက်ပါ ပါဝင်ပစ္စည်းများနဲ့ ရောသုပ်လိုက်ရင် ကြာဆံချက်နဲ့တွဲစားရန် ချဉ်ငန်စပ်ရှောက်သီးသုပ် အဆင်သင့်ဖြစ်ပါပြီ။
ကြာဆံချက်အတွက် ပါဝင်ပစ္စည်းများ (လူ ၇ ယောက်စာ)
♦ ကြာဆံ – ၁ ထုပ်
♦ ကြက် – တစ်ကောင်
♦ ငံပြာရည် – စားပွဲဇွန်း ၃ ဇွန်း
♦ ဆား၊ ကြက်သားမှုန့် – စားပွဲဇွန်း ၄ ဇွန်း
♦ ကြက်သွန်နီ – ၁ လုံး
♦ ကြက်သွန်ဖြူ – ၄ မြွှာ
♦ နနွင်း – နည်းနည်း
♦ အရောင်တင်မှုန့် – ၁ ဇွန်းခွဲ (အချိုဇွန်း)
♦ ပဲခြောက်
♦ ပန်းခြောက်
♦ မှိုခြောက်
♦ ငုံးဥပြုတ်
♦ ငါးဖယ်
► ပြုလုပ်နည်း
၁။ ကြာဆံ၊ ပဲခြောက်၊ ပန်းခြောက်၊ မှိုခြောက်တို့ကို ရေစိမ်ထားပါ။
၂။ ကြက်သားကို အတုံးလေးများတုံးထားပါ။ ဆား၊ ကြက်သား မှုန့် ၂ ဇွန်းတို့နယ်ထားပါ။
၃။ ကြက်သွန်ဖြူ၊ နီကို နနွင်း၊ အရောင်တင်မှုန့်တို့ကို ဆီသတ် ကာ ကြက်သားထည့်လုံးပါ။
၎။ ကြက်သားကျက်လို့ ဆီပြန်ပြီဆိုရင် ရေ ၂ လီတာခန့်ထည့် ပြီး ပွက်ပါစေ။ ပွက်လာရင် ဆား၊ ကြက်သားမှုန့် ၂ ဇွန်း၊ ငံပြာရည် ၃ ဇွန်းတို့ထည့်ပါ။ ပြီးရင် Ready Made ငါးဖယ် ထည့်ပါတယ်။
၅။ ရေစိမ်ထားသော ပဲခြောက်၊ ပန်းခြောက်၊ မှိုခြောက်တို့ထည့်ပါ။ နောက်ဆုံးမှ ကြာဆံထည့်ပြီး ပြုတ်ပြီးသားငုံးဥလေး များလည်း ထည့်လို့ရပါပြီ။ အပေါ့အငန်မြည်းကာ အနေတော်ဆိုရင် စားရန်အဆင်သင့်ဖြစ်ပါပြီ။
http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet