
ဂျပန် hot cake ကို ကလေးတွေအကြိုက် အသေးလေးတွေ လုပ်ထားတာပါ။ ထောပတ်သီးမကြိုက်တဲ့ ကလေးတွေကို ကျွေးချင်ရင် ဒီလိုလေးသာ လုပ်ကျွေး မစားဘဲ မနေဘူး။ ပန်ကိတ်ကို ဂျပန်ပန်ကိတ်အမှုန့်စပ်ပြီးသားကို သုံးထားတာပါ။ မွှေးမွှေးလေးနဲ့ ဆိမ့်ဆိမ့်လေးပါ။ ပန်ကိတ်အမှုန့်မှာ baking powder နဲ့ သကြားပါဝင်နေတာမို့ တစ်နှစ်အောက်ကလေးတွေအတွက်တော့ မကျွေးသင့်သေးပါဘူး။ တစ်နှစ်အောက်ကလေးအတွက် လုပ်နည်းသတ်သတ် ရေးပေးပါမယ်။ လုပ်ရတာလည်း မခက်ဘူး အာဟာရပြည့်တဲ့ သရေစာပါ။
May's Healthy Food
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်း
ပန်ကိတ်ဂျုံမှုန့် – စားပွဲဇွန်း ၅ ဇွန်း
ကြက်ဥ – ၁ လုံး
နွားနို့ – စားပွဲဇွန်း ၃ ဇွန်း
ထောပတ်သီးအနှစ် – စားပွဲဇွန်း ၃ ဇွန်း
ဟင်းသီးဟင်းရွက်ဆီ – အနည်းငယ်
ခ်က္နည္း
ပြုလုပ်နည်း
ကြက်ဥကို ခလောက်ပြီး နွားနို့ရောပါ။ ထို့နောက် ပန်ကိတ်ဂျုံမှုန့်ကို ဆန်ခါနှင့်စစ်ထည့်ပြီး နှံ့အောင် မွှေပါ။ နောက်ဆုံးကျမှ ထောပတ်သီးအနှစ် ထည့်မွှေပါ။ မကပ်တဲ့အိုးမှာ ဆီကို တစ်ရှူးဖြင့် သုတ်ပြီး မုန့်နှစ်ကို ထမင်းစားဇွန်းတစ်ဇွန်းစီ ခပ်ဖြည့်ပါ။ မီးမပြင်းစေရ။ အပေါ်မှာ အပေါက်လေးတွေဖြစ်လာပြီဆိုရင် တစ်ဖက်ကို လှန်ပေးပါ။ သတိပြုရန်မှာ ဆီအများကြီး မသုံးရပါ။ မီးကို မပြင်းအောင် ဂရုစိုက်ပါ။ အပေါ်က ချောကလက်အရည်လေး ဆမ်းကျွေးရင် ကလေးတို့ အကြိုက်ဆုံးဖြစ်မှာပါ။