Avocado puree

ဖြည့်စွက်စာ စကျွေးတဲ့ကလေးတွေအတွက် အသင့်လျော်ဆုံးအသီးကို ပြောပါဆို ထောပတ်သီးပါပဲ။ ကောင်းမွန်တဲ့အဆီနဲ့ ဗီတာမင် အီး ပါဝင်ပါတယ်။ အမျှင်ဓာတ်လည်း တခြားအသီးတွေထက် များစွာပါဝင်တာမို့ အူလမ်းကြောင်း ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ မျက်စိအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ဒီအချိန်အပေါများဆုံးရနိုင်တဲ့ အသီးအနှံပါ။

ထောပတ်သီးရဲ့ကောင်းကျိုးလေးတွေက

ထောပတ်သီးက folic acid လည်း သဘာဝအားဖြင့် ပါဝင်ပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သွေးတိုးကျစေတယ်။ ဗီတာမင်အီးပါဝင်လို့ အိုမင်းရင့်ရော်ခြင်းကို ဟန့်တားပေးတယ်။ အမျှင်ဓာတ်ပါလို့ အူလမ်းကြောင်း ကောင်းမွန်စေတယ်။ အစာအိမ်ရောင်ရမ်းမှုဝေဒနာကို သက်သာစေတယ်။

လေဖြတ်ဝေဒနာ မဖြစ်အောင် ကာကွယ်ပေးတယ်။ အယ်ဇိုင်းမားရောဂါဖြစ်ပွားနှုန်ကို လျှော့ကျစေပါတယ်။

ဖြည့်စွက်စာကျွေးမယ့် ကလေးတွေအတွက်ကတော့ ကလေး ၇ လလောက်မှာ ကျွေးလို့ရပါပြီ။ ထောပတ်သီးကို ကြိတ်ခြေအနှစ်တိုက်ပြီး ဒီတိုင်းကျွေးလို့ရသလို ကလေးသောက်နို့မှုန့် သို့မဟုတ် အမေနို့တို့နဲ့လည်း ရောစပ်ကျွေးလို့ ရပါတယ်။

Facebook Comments

May's Healthy Food
Menu