
အရေအတွက် – ၁ လုံး
ပြုလုပ်ချိန် – ၇၅ မိနစ်
Saw Sar Mu Lar
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ထောပတ် (အပျော့) – ၁၃၅ ဂရမ်
သကြား – ၁၀၀ ဂရမ်
ကြက်ဥ – ၂ လုံး
ဆား – လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
ကိတ်ဂျုံ – ၁၃၅ ဂရမ်
ငှက်ပျောသီး – ၁၅၀ ဂရမ်
ဘေကင်ပေါင်ဒါ – ၂ ဂရမ်
ဘေကင်ဆော်ဒါ – ၁ ဂရမ်
သံပရိုသီးအရည် – စားပွဲဇွန်း ၂ ဇွန်း
ခ်က္နည္း
ပြုလုပ်နည်းအဆင့်ဆင့်
၁။ မီးအပူချိန် အပေါ်အောက် ၁၇၀ ဒီဂရီစင်တီဂရိတ် တင်ထားပါ။ ကိတ်မိုခွက်ကို ဆီသုတ်၍ ဆီစိမ်စက္ကူဖြင့် မုန့်သားနှင့် ကိတ်မိုခွက်မကပ်အောင် ကိတ်မိုခွက်အတွင်းအောက်ကို ဆီစိမ်စက္ကူဖြင့်ခင်း၍ ဘေးကို ဆီစိမ်စက္ကူဖြင့် ပတ်ထားပါ။
၂။ ထောပတ် (အပျော့)၊ သကြား၊ ဆားတို့ကို ဇလုံထဲထည့်၍ hand mixer နဲ့ high speed ဖြင့် ထောပတ်ဖြူလာတဲ့အထိ ရိုက်ပါ။
၃။ ကြက်ဥကို ဖြည်းဖြည်းချင်း ထည့်ပြီး သကြားကြေသည်အထိ ဆက်ရိုက်ပါ။
၄။ ငှက်ပျောသီးကို အတုံးသေးသေးလှီးပြီး ဖြည်းဖြည်းချင်း ထည့်၍ ငှက်ပျောသီးကြေအောင် ရိုက်ပါ။ သံပရိုသီးအရည်ပါ ထည့်၍ ရောမွှေပါ။
၅။ ကိတ်ဂျုံ၊ ဘေကင်ပေါင်ဒါ၊ ဘေကင်ဆော်ဒါတို့ကို ဆန်ခါစစ်ပြီး slow speed ဖြင့် ဖြည်းဖြည်းချင်း ထည့်၍ မွှေပါ။ ဂျုံများအားလုံးရော၍ ချောမွတ်သွားလျှင် ရပါြပီ။
၆။ အဆင်သင့်ပြင်ထားသော ကိတ်မိုခွက်ထဲသို့ ထည့်ပြီး မီးအပူချိန်အသင့်ရှိသော မီးဖိုထဲသို့ ၁ နာရီခန့် ဖုတ်ပါ။ ကိတ် ကျက် မကျက်ကို ဆာတေးတုတ်ဖြင့် အလယ်တည့်တည့် ထိုးကြည့်ပါ။ တုတ်မှာ မုန့်နှစ်စိုနေလျှင် အချိန်အနည်းငယ် ဆက်ဖုတ်ပါ။ တုတ်ခြောက်နေလျှင် ကိတ်မုန့်ကျက်ပါပြီ။ မီးဖိုထဲမှ ထုတ်ပြီး ၅ မိနစ်အအေးခံ၍ မိုခွက်ထဲမှ ကိတ်ကို ထုတ်၍ ဆက်လက်အအေးခံပါ။ အေးလျှင် မိမိနှစ်သက်ရာ slice လေးများဖြတ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။