Carrot Cheese Cake

by Evy’s Kitchen for Food Magazine

ပါဝင်ပစ္စည်းများ

(၇ လက်မ အချင်းရှိတဲ့ ဗန်း ၁ ခုအတွက်၊ ဗန်းက အောက်ခြေဖြုတ်လို့

ရတဲ့ ဗန်းဖြစ်ရပါမယ်။)

Base အတွက်

Digestive Biscuit –  ၁၂၀ ဂရမ်

ထောပတ် ၇၅ ဂရမ်နဲ့ ရောမွှေပါ။ ပြီးလျှင် Removable Base ပါတဲ့ ကိတ်မုန့်ဖုတ်တဲ့ ဗန်းထဲမှာ ဖိသိပ်ပြီး ထည့်ပါ။ ရေခဲသေတ္တာထဲမှာ မိနစ်

၃၀ ခန့် အအေးခံပေးထားပါ။

ချိစ်သားအတွက် ပါဝင်ပစ္စည်းများ

Cream Cheese –  ၁၅၀ ဂရမ်

ကြက်ဥ –  ၃ လုံး

သကြား –  ၉၀ ဂရမ်

သံပရိုသီး –  ၁ စိတ် (အရည်ညှစ်ထားပါ)

Thick Cream –  ၂၅၀ ဂရမ်

Carrot –  ၉၀ ဂရမ်

ပြုလုပ်နည်း

၁။        ဦးစွာ သကြားနှင့် Cream Cheese ကို စက်နဲ့မွှေပါ။

၂။         Thick Cream ကိုလည်း ထည့်မွှေပါ။

၃။        ပြီးလျှင် ကြက်ဥကို တစ်လုံးချင်းစီ ထည့်ပြီး သမအောင် မွှေပါ။

၄။        နောက်ဆုံးမှာ ခြစ်ထားတဲ့ မုန်လာဥနီနှင့် Lemon Juice ကို ထည့်ပြီး မွှေပါ။

၅။        ရေထည့်ထားတဲ့ဗန်းတစ်ခုမှာ ခုနက မုန့်ဗန်းကိုတင်ပါ။ မတင်ခင်မှာ Aluminum Foil နဲ့ အောက်ခြေကို လုံအောင် ပတ်ပေးပါ။ ပြီးလျှင် ၁၈၀ ဒီဂရီစီ အာဗင်မှာ ၁ နာရီခန့် ကြာအောင် ဖုတ်လျှင် ရပါပြီ။ မုန့်ဖုတ်ပြီးသွားလျှင် မုန့်ကို လုံးဝအေးသွားမှ ရေခဲ သေတ္တာထဲ ပြောင်းထည့်ပါ။ အနည်းဆုံး ၃ နာရီခန့် အအေးခံပြီးမှ စားပါ။

Facebook Comments