Charcoal Cheese Cake

by Evy’s Kitchen for Food Magazine

မုန့်သားမည်းမည်းလေးကို စိတ်ဝင်စားသူများအတွက် လုပ်နည်းလာပါပြီ။ အဲဒါ ကတော့ Charcoal Cheese ကို အရမ်းပေါ့ပါးတဲ့ Chiffon Cake Method နဲ့ လုပ်ထားတာပါ။ ချိစ်အရသာက အရမ်း Light ဖြစ်ပါတယ်။ သူက Cotton Soft Cheese Cake နဲ့ ရိုးရိုး Spong Cake ကြားထဲက အနေအထားပါ။ Charcoal Cake ကတော့ အဓိကက အရောင်ပေါ့နော်။ သူ့အရသာရယ်လို့ သတ်သတ်မထွက်ပါဘူး။ မုန့်ကို လုပ်ပြီးပြီးချင်း မစားဘဲ သေချာ Set လုပ်ပြီးတဲ့အချိန် (နောက်ရက်လောက်) မှ စားရင် ပိုပြီး စားကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

(၇ လက်မ မုန့်ဗန်း ၁ ဗန်းစာ)

အစု (၁)

ကြက်ဥအကာ –  ၃ လုံး

သကြား –  ၄၀ ဂရမ်

Cream of tar tar –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

Cream of tar tar အလွယ်တကူဝယ်မရဘူးဆိုရင် Lemon Juice လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ အစားထိုးနိုင်ပါတယ်။

အစု (၂)

Cream Cheese –  ၆၀ ဂရမ်

ကြက်ဥအနှစ် –  ၃ လုံး

ဂျုံ –  ၆၅ ဂရမ်

သကြား –  ၁၀ ဂရမ်

ဘိတ်ကင်ပေါင်ဒါ –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

Charcoal Power –  စားပွဲဇွန်း ၁ ဇွန်း

ဟင်းရွက်ဆီ –  ၃၅ ဂရမ်

နွားနို့် –  ၃၅ ဂရမ်

ပြုလုပ်နည်း

အစု (၂)

၁။        ဦးစွာ Cream Cheese နှင့် သကြားကို ကြေအောင် မွှေစက်နဲ့ မွှေပါ။

၂။         ပြီးလျှင် ကြက်ဥအနှစ် ၃ လုံးကိုလည်း ရောမွှေပါ။

၃။        ဟင်းရွက်ဆီနှင့် နွားနို့်ကိုလည်း ထည့်မွှေပါ။

၄။        နောက်ဆုံးမှ ဂျုံ + Charcoal Powder + ဘိတ်ကင်ပေါင်ဒါကို ဆန်ခါချပြီး သမအောင် ထည့်မွှေပါ။

အစု (၁)

၁။        ကြက်ဥအကာ ၃ လုံး + သကြား + Cream of tar tar ကို ဖြူပြီး ပွလာအောင် မွှေစက်နဲ့ မွှေပါ။

၂။         ရလာတဲ့ကြက်ဥအကာ သုံးပုံတစ်ပုံကို ခုနက ပြင်ထားတဲ့ အစု (၂) ထဲ ရောမွှေပါ။

၃။        သမသွားပြီဆိုလျှင် ကျန်တဲ့ အစု (၂) ထဲ အားလုံးလောင်းထည့်ပြီး ထပ်မံ၍ မွှေပါ။အမွှေမနာရပါဘူး။ အရမ်းမွှေလျှင် လေထွက်ပြီး မုန့်မပွတတ်ပါဘူး။

၄။        ပြီးလျှင် ၇ လက်မ ဗန်းထဲထည့်ပြီး ၁၇၀ ဒီဂရီအပူပေးထားတဲ့ အာဗင်မှာ ၃၅ မိနစ်၊

မိနစ် ၄၀ ခန့် ဖုတ်ပါ။

ဒါဆိုရင် မုန့်ရပါပြီ။ ရလာတဲ့မုန့်ကို  လုံးဝအေးအောင် ထားပြီးမှ စားပါ။ အအေးခံတဲ့ နေရာမှာလည်း ဗန်းကို ဇောက်ထိုးထားပြီး  အအေးခံပါ။ ဒါဆိုရင်တော့ Charcoal Chesses ကိတ်ကို မပျက်စီးဘဲ လုပ်နိုင်ကြမယ်လို့ ထင်ပါတယ်။

Facebook Comments