
မနက်စာအတွက်သင့်တော်တဲ့ ကြက်သား၊ ဟင်းနုနယ် Muffin ပါ။ ဒါကတော့ အင်္ဂလိပ်အခေါ်ပေါ့။ အနီးစပ်ဆုံး မြန်မာအခေါ်အဝေါ်ကို ပြောပါဆိုရင်တော့ ကြက်သားပေါင်းနဲ့ နီးစပ်တယ်လို့ပဲ ပြောရမှာပါပဲ။ ဒီနည်းကတော့ ကြက်သားတစ်ခုထဲတင်မကဘဲ အသီးအရွက်၊ ကြက်ဥများပါ ပါဝင်ပြီး Oven သုံးကာဖုတ်ထားတဲ့နည်းပါ။ မနက်စာအဖြစ် ရေနွေး ကြမ်းပူပူလေးနဲ့ပဲ သောက်သောက်၊ ကော်ဖီလေးနဲ့တွဲစားစား အရသာရှိလှပါတယ်။
► ပါဝင်ပစ္စည်းများ
♦ ကြက်ဥ – ၂လုံး
♦ ကြက်သွန်မြိတ် – ၂ ပင် (သေးသေးလှီးပါ)
♦ ကြက်ရင်ပုံ – ၁ ခြမ်း (နုပ်နုပ်စဉ်းပါ)
♦ ပန်းငရုတ်ပွ – လက်တစ်ဆုပ်စာ (နုပ်နုပ်စဉ်းထားပါ)
♦ ဟင်းနုနယ်အရွက် – လက်တစ်ဆုပ်စာသာသာ
♦ ချယ်ရီခရမ်းချဉ်သီး – အနည်းငယ်
♦ ဆီ – စားပွဲဇွန်း ၁ ဇွန်း
♦ ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
► ပြုလုပ်နည်းအဆင့်ဆင့်
၁။ ကြက်ဥကို ဆားအနည်းငယ်ထည့်ကာ ခေါက်ထားပြီး ကြက်သွန်မြိတ်နဲ့ ရောမွှေထားပါ။
၂။ နုပ်နုပ်စဉ်းထားသော ကြက်သားကို ကြက်သားမှုန့်နဲ့ရောနယ်ကာ ဆီပူပူမှာ မွမွလေးများ
ဖြစ်လာအောင်မွှေကာ ဖိခြေပေးပါ။ထို့နောက် ပဲငံပြာရည်ကိုလည်း ရောထည့်ပါ။
၃။ ပန်းငရုတ်ပွကိုထည့်ကြော်ပြီး ၁ မိနစ်ခန့်ကြာလျှင် ဟင်းနုနယ်ကို ရောမွှေပါ။
၎။ ဟင်းနုနယ် နွမ်းစပြုလျှင် ကြက်ဥများကိုထည့်မွှေကာ အနည်း ငယ်ပျစ်လာလျှင် မီးပိတ်လိုက်ပါ။
၅။ ဆီသုတ်ထားသော ကြ်ငည ခွက်လေးများထဲတွင်ထည့်ကာ ချယ်ရီခရမ်းချဉ်သီးများထည့်ပါ။
ချိစ်နှစ်သက်လျှင် အနည်းငယ် ခြစ်ထည့်နိုင်ပါတယ်။
၆။ ထို့နောက် ၁၈ဝ ဒီဂရီအပူပေးထားသောအာဗန်တွင် ၁၇ မိနစ် ခန့် ဖုတ်ပေးရင်တော့ အနံ့အရသာ
ပြည့်စုံသော ကြက်သား အသီးအရွက် ကြ်ငည လေးများ အဆင်သင့်ဖြစ်ပါပြီ။
http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen