Chinese Donut with Red Bean Paste(တရုတ်ဒိုးနတ်) (သက်သတ်လွတ်)

by Myint Oo Thar for Food Magazine

မလေးရှားမှာ နေခဲ့တုန်းက မနက်စာအနေနဲ့ စားဖြစ်ခဲ့တဲ့ တရုတ်မုန့်တစ်မျိုးပါ။ ဒီမုန့်ကို အီကြာကွေးရောင်းတဲ့ ဆိုင်တွေမှာ အီကြာကွေးနဲ့ တွဲပြီးရောင်းပါတယ်။ မြန်မာပြည်မှာလို အီကြာကွေးကို လက်ဖက်ရည်ဆိုင်တွေမှာ မရောင်းပါဘူး။ မနက်ဈေးနဲ့ မနက်ပိုင်းလမ်းဘေးတွေမှာ အီကြာကွေးကို သီးသန့်ဆိုင်ဖွင့်ပြီး ရောင်းပါတယ်။ အစပိုင်းက တရုတ် မဆလာ ပါလို့ သိပ်ပြီးမကြိုက်ပေမယ့် နောက်ပိုင်းမှာ အရမ်းကြိုက်တဲ့ တရုတ်အစားအစာတစ်မျိုးဖြစ်လာပါတယ်။ (တရုတ် မဆလာမကြိုက်လျှင် မထည့်ဘဲလည်း လုပ်နိုင်ပါတယ်။)

ပါဝင်ပစ္စည်းများ

ဂျုံမှုန့် –  ၃  ၁/၂ ခွက် + ၁/၂ ခွက် ( ၄၈၀ ဂရမ်)

ရေ –  ၃/၄ ခွက် (၁၈၀ မီလီလီတာ)

သကြား –  စားပွဲဇွန်း ၂ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ဟင်းသီးဟင်းရွက်ဆီ –  စားပွဲဇွန်း ၁ ဇွန်း

တရုတ်မဆလာ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နှမ်း –  စားပွဲဇွန်း ၂ ဇွန်း

ရေနွေး –  စားပွဲဇွန်း ၃ ဇွန်း

Active Yeast –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သကြား –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

Red Beans Paste  လုပ်နည်း

Red Beans –  ၁ ခွက်

(သန့်ရှင်းအောင် ဆေးပြီး တစ်ညရေစိမ်ထားပါ။)

သကြား –  ၁/၂ ခွက်

 

ပြုလုပ်နည်း

၁။       တစ်ညရေစိမ်ထားတဲ့ ပဲနီကို ရေစစ်ပါ။ ပြီးလျှင် ပဲပြုတ်မည့်အိုးထဲ ထည့်ပါ။ ရေမြုပ်အောင် ထည့်ပြီး ပြုတ်ပါ။

၂။       ၅ မိနစ်ခန့်ပြုတ်ပြီးလျှင် ရေသွန်ပစ်ပါ။ (အနံ့အရသာကောင်းစေရန် ဖြစ်ပါ တယ်။)

၃။       ပြီးလျှင် ပဲကို အိုးထဲပြန်ထည့်၍ ရေမြုပ်အောင်ထည့်ပြီး မီးအေးအေးဖြင့် နူးအောင် ပြုတ်ပါ။

၎။       ၂ နာရီခန့် ပြုတ်ပြီးလျှင် ပဲနူးပါပြီ။ ပြီးလျှင် ရေစစ်ထားပါ။

၅။       ပဲကို ကြေအောင်ခြေပါ။ (လျှပ်စစ် blender နဲ့လည်း ကြိတ်နိုင်ပါတယ်။)

၆။       ခြေထားတဲ့ပဲကို အိုးထဲပြန်ထည့်၍ သကြားထည့်ပြီး ပျစ်အောင်ကျိုပါ။ (အေးသွားတဲ့အခါမှာ paste က ပိုပြီးပျစ်ပါတယ်။)

ပြုလုပ်နည်း

၁။       ရေနွေးခွက်ထဲ Yeast နှင့် သကြား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း ထည့်ပြီး မွှေပါ။ ပြီးလျှင် ၅မိနစ်ခန့်ထားပါ။

၂။       ၅ မိနစ်ကြာလျှင် ပွလာပါမယ်။

၃။       မုန့်နယ်မည့် ဇလုံထဲ ဂျုံမှုန့် ၃  ၁/၂ ခွက်ထည့်ပါ။ ပြီးလျှင် ဖြူးရန် ၁/၂ ခွက် ချန်ထားပါ။

၎။       ပြီးလျှင် သကြား၊ ဆားနှင့် တရုတ်မဆလာတို့ကိုထည့်ပြီး မွှေပါ။

၅။       ပြီးလျှင် ရေ၊ ဆီနှင့် အပွခံထားတဲ့ Yeast ထည့်ပြီး လက်ဖြင့် နယ်ပါ။

၆။       ပြီးလျှင် knead the dough ဂျုံနည်းနည်းဖြူးပြီး လက်ဖနောင့်ဖြင့် ဖိနယ်ပါ။

၇။       ပြီးလျှင် မုန့်သားကို ဇလုံထဲမှထုတ်ယူ၍ ဂျုံမှုန့်ဖြူးထားတဲ့ ခုံပေါ်မှာတင်ပြီး နယ်ပါ။ နယ်နည်းကတော့ အရှည်လိုက်ရအောင် နယ်ပါ။ ပြီးလျှင် ရှေ့ဘက်အစပိုင်းကို မိမိဘက် ဆွဲမယူပြီး ၁၀ မိနစ်ခန့် လက်ဖနောင့်ဖြင့် ဖိနယ်ပေးပါ။

၈။       ၁၀ မိနစ်ခန့် နယ်ပြီးလျှင် မုန့်သားချောမွေ့လာပါမယ်။

၉။       ခွက်ကို ဆီသုတ်၍ နယ်ထားတဲ့မုန့်သားကို ထည့်ပြီး ပလတ်စတစ်ဖြင့်ဖုံးပါ။ မုန့်သား နွေးထွေးစေရန်အတွက် အဝတ်ထူထူနဲ့ ထပ်မံပြီး အုပ်ထားပါ။ ၁ နာရီခန့်နှပ်ထားပါ။

၁၀။     ၁ နာရီခန့်ကြာတဲ့အခါမှာ မုန့်သားက ၂ ဆ ဖြစ်လာပါမယ်။

၁၁။     အဖုံးဖွင့်ပြီး လက်ချောင်းဖြင့် ထိုးကြည့်ပါ။ ချက်ချင်းပြန်တက်ပါက အဆင်သင့် ဖြစ်ပါပြီ။

၁၂။     ပြီးလျှင် မုန့်သားကို လက်သီးဖြင့်ထိုးပြီး gas ကို ထုတ်ပါ။

၁၃။     ပြီးလျှင် ဂျုံဖြူးထားတဲ့ ခုံပေါ်မှာ မုန့်သားတင်ပြီး အရှည်လိုက်ရအောင် လှိမ့်ပါ။

၁၄။     ပြီးလျှင် ၂ ပိုင်းဖြတ်ပြီး မုန့်တစ်ခုစာစီ ထပ်မံ၍ ပြန်ဖြတ်ပါ။

၁၅။     မုန့်သားတစ်ခုကို ယူ၍ ပြားပြီး တန်းထားပါ။ ပြီးလျှင် ၁၀ မိနစ်ခန့် ပိတ်စဖြင့် ဖုံးပြီး ထားပါ။

၁၆။     ၁၀ မိနစ်ပြည့်လျှင် မုန့်သားတစ်ခုစီအပေါ်မှာ read bead filling ထည့်ပါ။

၁၇။     ပြီးလျှင် ပေါက်စီကဲ့သို့ အနားများကို စုပြီး filling မထွက်စေရန် ပိတ်ပါ။ ပြီးလျှင် မုန့် အပေါ်မှာ နှမ်းဖြူးပြီး လက်ဖြင့် ဖိပေးပါ။

၁၈။     မကြော်ခင်မှာ ၅ မိနစ်ခန့်ထားပါ။

၁၉။     ပြီးလျှင် နီညိုရောင်သန်းသည်အထိ ကြော်ပါ။

 

Facebook Comments