Chocolate Chiffon Cake

အရေအတွက်     – ၇ လက်မ ကိတ်တစ်လုံး

ပြုလုပ်ချိန်          – ၁ နာရီ ၃၀ မိနစ်

Facebook Comments

ပါ၀င္ပစၥည္းမ်ား

Chocolate Chiffon Cake အတွက်

ပါဝင်ပစ္စည်းများ

ကြက်ဥအကာ         – ၃ လုံး

သကြား           – ၃၅ ဂရမ်

ကြက်ဥအနှစ်         – ၃ လုံး

သကြား         – ၃၀ ဂရမ်

ဟင်းသီးဟင်းရွက်ဆီ        – ၃၀ ဂရမ်

နွားနို့          – ၄၅ ဂရမ်

ဆား         – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဗနီလာအနံ့           – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကိတ်ဂျုံ       – ၄၀ ဂရမ်

ကိုကိုးပေါင်ဒါ      – ၂၀ ဂရမ်

ဘိတ်ကင်ပေါင်ဒါ        – ၃ ဂရမ်

ခ်က္နည္း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ၇ လက်မ ကိတ်မိုခွက်ကို ထောပတ်ဆီသုတ်ပြီး ဆီစိမ်စက္ကူဖြင့် မိုခွက်အောက်ခြေဘေးတို့ကို ခင်းထားပါ။ မီးအပူချိန်အပေါ်အောက် ၁၆၀ ဒီဂရီစင်တီဂရိတ်တင်ထားပါ။

၂။ ကြက်ဥအနှစ်နှင့် သကြားကို ကြက်ဥဖြူပြီး ပွလာအောင် မွှေတံ whisk ဖြင့် ရိုက်ပါ။ ဟင်းသီးဟင်းရွက်ဆီ၊ နွားနို့၊ ဆား၊ ဗနီလာအနံ့ကို ရောနယ်၍ မွှေထားပါ။

၃။ ကြက်ဥအကာကို အမြှုပ်ထ၍ ဖြူပြီးပွလာအောင် မွှေတံ whisk ဖြင့် မွှေပါ။ သကြားကို ဖြည်းဖြည်းချင်း ထည့်၍ ခရင်မ်ကို ဖြူပြီး ပြည့်လာတဲ့အထိ လက်ဖြင့် ဆွဲတင်လိုက်လျှင် ကြက်တူရွေးနှုတ်သီးလိုမျိုး အတိုင်းအတာထိ ရိုက်ပေးပါ။ ကြက်ဥအကာနဲ့ သကြားကို ရိုက်၍ ဖြစ်လာသော ခရင်မ်ကို meringue လို့ ခေါ်ပါတယ်။

၄။ ရိုက်ထားတဲ့ meringue တစ်ဝက်ကို ရောမွှေထားတဲ့ ကြက်ဥအနှစ်ထဲသို့ ထည့်ပါ။ ပြီးလျှင် ကိတ်ဂျုံ၊ ကိုကိုးပေါင်ဒါ၊ ဘိတ်ကင်ပေါင်ဒါတို့ကို ရော၍ ဆန်ခါစစ်ပြီး ဖြည်းဖြည်းချင်းထည့်မွှေပါ။ အားလုံးနှံ့သွားပြီဆိုမှ လက်ကျန် meringue ကို ဖြည်းဖြည်းချင်း ရော၍ ထည့်မွှေပါ။ ကိတ်မိုခွက်ထဲထည့်ပြီး မီးအပူချိန် ၁၆၀ ဒီဂရီစင်တီဂရိတ် အဆင်သင့်ရှိနေသော မီးဖိုထဲသို့ ၂၀ မိနစ်ဖုတ်၍ ၁၅၀ ဒီဂရီစင်တီဂရိတ်ဖြင့် ၄၅ မိနစ်ခန့် ဖုတ်ပါ။ မုန့်ဖုတ်ဗန်းထဲ ရေထည့်၍ ကိတ်ခွက်ကို ရေထဲစိမ်ပြီး ရေခံ၍ ဖုတ်ပါ။ မုန့်သားကျက်မကျက်ကို စမ်းသပ်ရာတွင် ကိတ်အလယ်တည့်တည့်ကို ဆာတေးတုတ်ဖြင့် ထိုးကြည့်လျှင် တုတ်စိုနေရင် ဆက်ဖုတ်ပါ။ ခြောက်နေရင် ရပါပြီ။ ကိတ်ကို အပြင်ထုတ် ၅ မိနစ် အအေးခံပြီး ကိတ်မိုခွက်မှ ကိတ်ကိုထုတ်၍ ဆက်လက်အအေးခံပါ။ ကိတ်ကို ပြောင်းပြန်လှန်၍ မှောက်ထားသည့် အနေအထားမျိုးဖြင့် ထားပါ။

 

Topping အတွက် ပါဝင်ပစ္စည်းများ

ချောကလက်       – ၁၈၀ ဂရမ်

ထောပတ်      – ၆၀ ဂရမ်

Heavy Cream (သို့) Topping Cream      – ၄၀ ဂရမ်

နက်စ်ကော်ဖီမှုန့်        – ၁ ဇွန်း

ပြုလုပ်နည်း

၁။ ချောကလက်နဲ့ ထောပတ်ကို ရော၍ အရည်ဖျော်ပါ။

၂။ Heavy Cream (သို့) Topping Cream ကိုရောမွှေပါ။

၃။ နက်စ်ကော်ဖီကို ရေနွေးအနည်းငယ်ဖြင့် အရည်ဖျော်ပြီး ရောမွှေပါ။

အအေးခံထားသော Chocolate Chiffon Cake အပေါ်ကို Chocolate Topping လောင်းပါ။ လိုအပ်လျှင် ချောကလက်အဖြူကို ခြစ်၍ အပေါ်မှ ဖြူးနိုင်ပါတယ်။