Diet Avocado and Bacon Pound Cake (အလေးချိန်လျှော့ ထောပတ်သီးဘေကင်ပေါင်ကိတ်)

by Dexter Bistro for Food Magazine

ကျွန်တော့်အကြိုက်လေးပါ။ အချိုအရသာလည်း ရှိပြီး အငန်အရသာ လည်းပါ၊ ထောပတ်သီးရဲ့ ဖီလင်လေးလည်း ရောထွေးပေးထားတော့ ကာရန်ညီတဲ့ ကဗျာလေး တစ်ပုဒ်ပါလို့…။

ပါဝင်ပစ္စည်းများ

သကြားဖြူရိုးရိုး –  ၁ ခွက်

ကြက်ဥ (အလုံးကြီး) –  ၄ လုံး (အခန်းအပူချိန်)

ဂျုံမှုန့်ရိုးရိုး –  ၂ ခွက်

ဘေကင်ပေါင်ဒါအမှုန့် –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ထောပတ်သီး (အမှည့်) –  ၁ ခွက် (အတုံးသေးသေးတုံးထားပါ)

(၃/၄ ခွက် – မုန့်နှစ်ရည်ထဲ ထည့်ရန်၊

၁/၄ ခွက် – မုန့်နှစ်ရည်အပေါ်တင်ရန်)

ဘေကင် (ချက်ပြီးသား) –  ၄ ချောင်း (၁” အရှည် ကြိုဖြတ်ထားပါ)

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ သကြားဖြူနှင့် ကြက်ဥကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့  ၅ မိနစ်ခန့် မွှေပါ။

၂။       နောက်အိုးတစ်အိုးထဲ ဂျုံမှုန့်နှင့် ဘေကင်ပေါင်ဒါမှုန့်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၃။       ဂျုံမှုန့်အရောအနှောကို သကြားဖြူ ကြက်ဥ အရောအနှောထဲ လောင်းထည့်ပြီး လျှပ်စစ် လက်မွှေတံနဲ့ သမအောင် မွှေပါ။ (မှတ်ချက် – Over Mix မလုပ်ရပါ။)

၎။       ထောပတ်သီးအတုံး ၃/၄ ခွက်ကို မုန့်နှစ်ရည်ထဲ လောင်းထည့်ပြီး ဇွန်းကြီးတစ်ချောင်း နဲ့ သမသွားအောင် Fold လုပ်ပေးပါ။ (မှတ်ချက် – လျှပ်စစ်လက်မွှေတံ မသုံးပါ။)

၅။       မုန့်နှစ်ရည်ကို ထောပတ်သုတ်ထားတဲ့ (သို့) ပါ့ခ်ျမန့်စက္ကူခင်းထည့်ထားတဲ့ ၅”x

၈  ၁/၂” ပေါင်ကိတ်ဗန်းထဲ လောင်းထည့်ပြီး ကျန်ရှိနေတဲ့ ထောပတ်သီးအတုံးနှင့်

၁” အရွယ် ဖြတ်ထားတဲ့ ဘေကင်တို့ကို မုန့်နှစ်ရည်အပေါ်  အညီအမျှစီထည့်ပေးပါ။ လက်သန်းနဲ့ ဖွဖွလေး ဖိချပေးပါ။

၆။       အာဗင်ကို 340˚F (170˚C) ကြိုအပူပေးပြီး မုန့်ဗန်းကို မိနစ် ၄၀ ခန့် ဖုတ်ပါ။

၇။       တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သား ကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံးနိုင် ပါပြီ။

Facebook Comments