Japanese Cheese Cake

ပြုလုပ်ချိန်  – ၁ နာရီ ၄၀ မိနစ်

အရေအတွက်    – ၇ လက်မ ကိတ်တစ်လုံး

Facebook Comments

Saw Sar Mu Lar

ပါ၀င္ပစၥည္းမ်ား

Japanese Cheese Cake အတွက်

ပါဝင်ပစ္စည်းများ

ထောပတ်       – ၅၀ ဂရမ်

Cream Cheese    – ၅၀ ဂရမ်

ကြက်ဥအနှစ်       – ၄ လုံး

ဗနီလာအနံ့          – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကိတ်ဂျုံ       – ၃၀ ဂရမ်

ပြောင်းဖူးဂျုံ        – ၃၀ ဂရမ်

ကြက်ဥအကာ          – ၇ လုံး

သကြား         – ၆၅ ဂရမ်

ဆား       – လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ခ်က္နည္း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ၇ လက်မ ကိတ်မိုခွက်ကို ထောပတ်ဆီသုတ်၍ လိုအပ်လျှင် ဆီစိမ်စက္ကူခင်းထားပါ။ မီးအပူချိန် အပေါ်အောက် ၁၆၀ ဒီဂရီစင်တီဂရိတ် တင်ထားပါ။

၂။ ထောပတ်၊ Cream Cheese ၊ ဆားတို့ကို အိုးထဲ ထည့်၍ မီးအနည်းငယ်ပြပြီး ခပ်နွေးနွေးအရည်ဖျော်ပါ။

၃။ အရည်ဖျော်ပြီးလျှင် ကြက်ဥအနှစ်ကို တစ်လုံးစီထည့်၍ မွှေတံ whisk ဖြင့် မွှေပါ။ ကိတ်ဂျုံ၊ ပြောင်းဖူးဂျုံ၊၊ ဗနီလာအနံ့တို့ကို ဆန်ခါစစ်၍ ဖြည်းဖြည်းချင်း ထည့်ပြီး ရောမွှေပါ။

၄။ ကြက်ဥအကာကို အိုးထဲထည့်၍ Hand Mixer ဖြင့် အနည်းငယ်အမြှုပ်ထပြီး ဖြူလာအောင် ရိုက်ပါ။ သကြားကို ဖြည်းဖြည်းချင်း ကြက်ဥအကာထဲထည့်၍ High Speed ဖြင့် ကြက်ဥအကာခရင်မ်လိုဖြူပြီး လက်ဖြင့် တို့၍ ဆွဲကြည့်လျှင် ကြက်တူရွေးနှုတ်သီးလို အမျှင်တန်းနေရင် ရပါပြီ။ meringue လို့လည်း ခေါ်ပါတယ်။

၅။ ကြက်ဥအကာ meringue ကို တစ်ဝက်ယူ၍ ပထမလုပ်ပြီးသော မုန့်နှစ်များထဲသို့ ထည့်ပြီး ရောမွှေပါ။ ဒုတိယလက်ကျန် meringue ကိုထည့်ပြီး ဆက်လက်၍ ဖြည်းညင်းစွာ ရောမွှေပါ။ ၇ လက်မ ကိတ်မိုခွက်ထဲထည့်၍ အပေါ်အောက်မီးအပူချိန် ၁၆၀ ဒီဂရီစင်တီဂရိတ်ရှိသော မီးဖိုထဲသို့ ၂၅ မိနစ်ခန့် ဖုတ်ပါ။ ပြီးလျှင် ၁၄၀ ဒီဂရီစင်တီဂရိတ်ဖြင့် ၁ နာရီခန့် ဖုတ်ပါ။ ကိတ်မိုခွက်ကို ရေရှိသော ဗန်းထဲ ထည့်၍ ရေခံပြီး ဖုတ်ပါ။ ကျက် မကျက်ကို ဆာတေးတုတ်ဖြင့် ကိတ်အလယ်တည့်တည့်ကို ထိုးကြည့်ပါ။ တုတ်ခြောက်လျှင် ကျက်ပါပြီ။ စိုနေလျှင် အချိန်အနည်းငယ်ပြန်ဖုတ်ပါ။ ကိတ်မိုခွက်ကို မီးဖိုထဲမှ ထုတ်ပြီး ၁၀ မိနစ် အအေးခံပါ။ အအေးခံထားသော မိုခွက်ထဲမှ ကိတ်ကို ထုတ်၍ ဆက်လက်အအေးခံပါ။ အေးသွားလျှင် အပေါ်မှ သကြားအမှုန့်ကို ဆန်ခါစစ်ဖြူးပြီး အရသာရှိစွာ စားသုံးနိုင်ပါပြီ။