
အရေအတွက် – ၇ လက်မကိတ်တစ်လုံး
ပြုလုပ်ချိန် – ၁ နာရီ ၄၀ မိနစ်
Saw Sar Mu Lar
ပါ၀င္ပစၥည္းမ်ား
Lemon Chiffon Cake အတွက်
ပါဝင်ပစ္စည်းများ
ကြက်ဥအကာ – ၄ လုံး
သကြား – ၅၀ ဂရမ်
Cream of tar tar – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြက်ဥအနှစ် – ၄ လုံး
သကြား – ၈၀ ဂရမ်
ဟင်းသီးဟင်းရွက်ဆီ – ၆၀ ဂရမ်
သံပရိုသီးအရည် – ၄၀ ဂရမ်
ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဗနီလာအနံ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံပရိုသီးအခွံ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကိတ်ဂျုံ – ၁၀၀ ဂရမ်
ပြောင်းဖူးဂျုံ – ၂၀ ဂရမ်
ဘိတ်ကင်ပေါင်ဒါ – ၄ ဂရမ်
Topping အတွက် ပါဝင်ပစ္စည်းများ
သကြားအမှုန့် – ၁၂၀ ဂရမ်
သံပရိုသီးအရည် – စားပွဲဇွန်း ၃ ဇွန်း
ထောပတ်အရည် – ၆ ဂရမ်
သံပရိုသီးအခွံ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ခ်က္နည္း
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ကြက်ဥအနှစ်နှင့် သကြားကို ကြက်ဥအနှစ်ဖြူပြီး ပွလာအောင် မွှေတံဖြင့် ရိုက်ပါ။ ဟင်းသီးဟင်းရွက်ဆီ၊ သံပရိုသီးအရည်၊ ဆား၊ ဗနီလာအနံ့၊ သံပရိုသီးအခွံထည့်၍ ရောမွှေပါ။
၂။ ကြက်ဥအကာကို အမြှုပ်ထ၍ ဖြူလာအောင် ရိုက်ပြီး သကြား၊ Cream of tar tar ကို နည်းနည်းချင်း ထည့်၍ ကြက်တူရွေးနှုတ်သီးလို တန်းလာသည်အထိ မွှေတံ whisk ဖြင့်ရိုက်ပါ။ စက်ဖြင့်ရိုက်လျှင် High speed ဖြင့် ရိုက်ပါ။
၃။ ကြက်ဥအနှစ်ပန်းကန်ထဲသို့ ရိုက်ထားတဲ့ ကြက်ဥအကာ တစ်ဝက်ခန့်ကို ထည့်ပါ။ ပြီးလျှင် ကိတ်ဂျုံ၊ ပြောင်းဖူးဂျုံ၊ ဘိတ်ကင်ပေါင်ဒါတို့ကို ဆန်ခါစစ်၍ ဖြည်းဖြည်းချင်း ထည့်ပြီး မုန့်နှစ်များကို မွှေပါ။
၄။ လက်ကျန်ကြက်ဥအကာကို ဆက်၍ မုန့်နှစ်ထဲသို့ ထည့်ရောပြီး ညင်သာစွာ မွှေပါ။ ကိတ်မိုခွက်ကို ထောပတ်ဆီသုတ်၍ ဆီစိမ်စက္ကူခံပြီး မုန့်နှစ်ကို ထည့်ပါ။ မီးအပူချိန် အပေါ်အောက် ၁၈၀ ဒီဂရီစင်တီဂရိတ်ဖြင့် ၂၀ မိနစ်ခန့် ဖုတ်ပါ။ ပြီးလျှင် မီးအပူချိန် ၁၅၀ ဒီဂရီစင်တီဂရိတ်ဖြင့် ၁ နာရီခန့် ဆက်ဖုတ်ပါ။ ရေခံပြီး ဖုတ်ပါ။ ကိတ်သားကျက် မကျက်ကို ကိတ်သားအလယ်တည့်တည့် တုတ်ဖြင့်ထိုးကြည့်လျှင် တုတ်ခြောက်နေလျှင် ကျက်ပါပြီ။ ကိတ်ကို မီးဖိုမှ ထုတ်ပြီး မိုခွက်မှ ထုတ်ကာ အအေးခံပါ။ ကိတ်ကို ပြောင်းပြန်မှောက်သည့်အနေမျိုးဖြင့် ထားပါ။ အအေးခံစဉ် ကိတ်ပေါ်မှလောင်းရန် Topping ကိုလုပ်ပါ။
Topping ပြုလုပ်နည်း
သံပရိုသီးအခွံကလွဲ၍ ကျန်ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပါ။ အအေးခံပြီးသော ကိတ်အပေါ်သို့ လောင်းချပါ။ သံပရိုသီးအခွံကို အပေါ်မှ ခြစ်ချပါ။ အရသာရှိစွာ စားသုံးနိုင်ပါပြီ။