
အရေအတွက် – ၇ လက်မ တစ်လုံး
ပြုလုပ်ချိန် – ၉၅ မိနစ်
Saw Sar Mu Lar
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ထောပတ် – ၁၂၀ ဂရမ်
သကြား – ၁၅၀ ဂရမ်
ကြက်ဥ – ၂ လုံး
နွားနို့ – ၁၂၀ ဂရမ်
ဆား – လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
ကိတ်ဂျုံ – ၂၀၀ ဂရမ်
ဘေကင်ပေါင်ဒါ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချင်းအမှုန့် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ခြစ်ပြီးသားချင်းအမျှင် – စားပွဲဇွန်း ၂ ဇွန်း
သံပရိုသီးအရည် – စားပွဲဇွန်း ၂ ဇွန်း
သံပရိုသီးအခွံခြစ် – စားပွဲဇွန်း ၁ ဇွန်း
ဗနီလာအနံ့ – စားပွဲဇွန်း ၁ ဇွန်း
ခ်က္နည္း
ပြုလုပ်နည်း
၁။ ကိတ်မိုခွက်အတွင်း အောက်ဘေးကို ဆီသုတ်ဆီစိမ်စက္ကူခင်းပြီး အသင့်ပြင်ထားပါ။ မီးအပူချိန် အပေါ်အောက် ၁၇၀ ဒီဂရီစင်တီဂရိတ် တင်ထားပါ။
၂။ ထောပတ်၊ သကြား၊ ဆားတို့ကို ရောထည့်ပြီး ထောပတ်ဖြူပြီး ပွလာသည်အထိ hand mixer ဖြင့် ရိုက်ပါ။ ကြက်ဥတစ်လုံးချင်းထည့်၍ သကြားကြေသည်အထိ ဆက်ရိုက်ပါ။
၃။ နွားနို့ထည့်၍ ၁ မိနစ်ခန့်ဆက်ရိုက်ပြီး သံပရိုသီးအရည်၊ သံပရိုသီးအခွံခြစ်၊ ဗနီလာအနံ့ထည့်၍ နောက် ၁ မိနစ်ခန့် ထပ်ရိုက်ပါ။
၄။ ကိတ်ဂျုံ၊ ဘေကင်ပေါင်ဒါ၊ ချင်းအမှုန့်ကို ဆန်ခါစစ်ပြီး ရော၍ မုန့်နှစ်ချောမွတ်လာသည်အထိ ဆက်မွှေပါ။
၅။ အဆင်သင့်ပြင်ထားသော ကိတ်မိုခွက်ထဲသို့ မုန့်နှစ်များကို ထည့်ပြီး မီးအပူချိန်အသင့်ရှိသော မီးဖိုထဲသို့ ထည့်၍ ၁ နာရီခန့် ဖုတ်ပါ။ မုန့်သားကျက်မကျက်ကို ဆာတေးတုတ်ဖြင့် မုန့်သားအလယ်တည့်တည့်ကို ထိုးကြည့်ပါ။ တုတ်မှာ မုန့်နှစ်များ ပေနေလျှင် မကျက်သေးလို့ အချိန်အနည်းငယ် ထပ်ဖုတ်ပါ။ တုတ်ခြောက်နေလျှင် ကိတ်မုန့်ကျက်ပါပြီ။
၆။ မုန့်ဖုတ်ထားစဉ်တွင် သကြား ၁၀၀ ဂရမ်၊ ရေ ၁၀၀ ဂရမ်၊ ချင်းအတုံးလေးများ ၅၀ ဂရမ် ဝန်းကျင်ခန့် ဖြတ်ထားတာနှင့် သံပရိုသီး လေးစိတ်စိတ်ထားတာတို့ကို ထည့်ပြီး ပွက်ပွက်ဆူအောင် ပြုတ်ထားပါ။
၇။ ကိတ်မုန့်ကျက်လျှင် မီးဖိုထဲမှ ထုတ်ပြီး (Lemon Ginger Sugar Syrup) သကြားရည်ကို ကိတ်ပေါ်သို့ ဘရပ်ရှ်ဖြင့် ရွဲရွဲသုတ်ပြီး ၅ မိနစ် အအေးခံပါ။ ပြီးလျှင် ကိတ်မိုခွက်ထဲမှ ကိတ်ကို ထုတ်ပြီး သကြားရည်ကို ထပ်မံသုတ်၍ ဆက်လက်အအေးခံပါ။
၈။ ကိတ်ကို အအေးခံစဉ် ကိတ်အပေါ်မှတင်ရန် Topping ကို လုပ်ပါ။ သကြားအမှုန့် ၁၀၀ ဂရမ်၊ နွားနို့ စားပွဲဇွန်း ၂ ဇွန်း၊ သံပရာသီးအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ရောမွှေပါ။ ပြီးလျှင် Topping ကို Pipping bag ထဲထည့်၍ အအေးခံပြီးသော ကိတ်ပေါ်သို့ လှိုင်းလေးများ ဆွဲ၍ အလှဆင်ပါ။ အချိုမကြိုက်ရင် မတင်လည်း ရပါတယ်။ လိုအပ်သလို ကိတ်ကိုလှီး၍ အရသာရှိစွဦ သုံးဆောင်နိုင်ပါပြီ။