
Japanese pizza (or) Japanese pancake လို့ခေါ်တဲ့ okonomiyaki (အိုကိုနိုမီယာကီ) ဟာ ဂျပန်နိုင်ငံ Osaka ရဲ့ ထင်ရှားကျော်ကြားလှတဲ့ ဟင်းပွဲဖြစ်ပါတယ်။ မုန့်နှစ်ထဲမှာ အသီးအရွက်များစွာနှင့် အသားများကို မိမိစိတ်ကြိုက် ထည့်သွင်း၍ ပြုလုပ်နိုင်ပါတယ်။
Kyaw Lin Tun
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
အကြော်မှုန့် – ၂၀၀ ဂရမ်
ကြက်ဥ – ၁ လုံး
ဂေါ်ဖီ – ၁၅၀ ဂရမ်
မုန်လာဥနီ – ၁ လုံး
Bonito Flake – ၅ ဂရမ်
မရောနိစ် – ၁၀၀ ဂရမ်
ယိုးဒယားကြက်သွန်နီ – ၁ လုံး
Okonomi Sauce – ၅ ဂရမ်
ကြက်သွန်မြိတ် – အနည်းငယ်
ပုစွန် – ၁၀၀ ဂရမ်
ခ်က္နည္း
ပြုလုပ်ပုံ
ဂေါ်ဖီ၊ မုန်လာဥနီ၊ ယိုးဒယားကြက်သွန်နီတို့ကို အမျှင်လေးများဖြစ်အောင် လှီးပါ။ ပုစွန်ကို ပြုတ်၍ ၂ ခြမ်းခွဲပါ။ အကြော်မှုန့်ထဲသို့ ကြက်ဥဖောက်ထည့်၍ ရေနှင့်ရောကာ ခပ်ပျစ်ပျစ်လေး ဖျော်ပေးပါ။ အမျှင်လှီးထားသော အသီးအနှံများကို မုန့်နှစ်ထဲသို့ ထည့်၍ မွှေပါ။ ဒယ်အိုးထဲသို့ ဆီအနည်းငယ် ထည့်၍ အပူပေးပြီး မုန့်နှစ်ကို ဖြည်းညင်းစွာ လောင်းထည့်ပါ။ ဒယ်အိုးနှင့်ကပ်လျက် မျက်နှာပြင်ဟာ ကျက်လာလျှင် အခြားတစ်ဖက်သို့ လှန်ပေးပါ။ နှစ်ခြမ်းခွဲထားသော ပုစွန်ကို အပေါ်မှ ထည့်ပါ။ မျက်နှာပြင် ၂ ဖက်လုံး ရွှေအိုရောင်သန်းလာလျှင် ဒယ်အိုးပေါ်မှ ပန်းကန်ထဲသို့ ပြောင်းထည့်ပါ။ ၎င်းအပေါ်မှ မရောနိစ် ဖျန်းပေးပါ။ ထို့နောက် Ketsubashi၊ ငါးသားမှုန့်နှင့် အိုကိုနိုမီဆော့စ်တို့ကို ဆမ်းပေးပါ။ ဂျပန်ပီဇာလို့ပဲခေါ်ခေါ်၊ ဂျပန်ပန်ကိတ်လို့ပဲခေါ်ခေါ် အနံ့အရသာနှင့်ပြည့်စုံတဲ့ အိုကိုနိုမီယာကီကို သုံးဆောင်နိုင်ပါပြီ။