
အရေအတွက် – ၇ လက်မကိတ်တစ်လုံး
ပြုလုပ်ချိန် – ၉၀ မိနစ်
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ထောပတ် – ၁၃၅ ဂရမ်
သကြား – ၁၂၀ ဂရမ်
ကြက်ဥ – ၂ လုံး
ရွှေဖရုံသီး – ၁၆၀ ဂရမ်
ကိတ်ဂျုံ – ၁၄၀ ဂရမ်
ဘိတ်ကင်ပေါင်ဒါ – ၂ ဂရမ်
ဘိတ်ကင်ဆိုဒါ – ၁ ဂရမ်
ဗနီလာအနံ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သစ်ကြံပိုးခေါက်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
ခ်က္နည္း
ပြုလုပ်နည်း
၁။ ရွှေဖရုံသီးကို အခွံခွာ အတုံးသေးသေးလှီးပြီး အနည်းငယ် ပျော့သွားသည်အထိ ပြုတ်ပါ။ ပြီးလျှင် သစ်သီးကြိတ်စက်ထဲ ထည့်၍ ကြိတ်ပါ။
၂။ ၇ လက်မကိတ်မိုခွက်အဝိုင်းကို အတွင်းအောက်ဘေး ဆီသုတ်၍ ဆီစိမ်စက္ကူဖြင့် ခင်းထားပါ။ မီးဖိုအပူချိန် အပေါ်အောက် ၁၇၀ ဒီဂရီစင်တီဂရိတ် တင်ထားပါ။
၃။ ထောပတ်၊ သကြား၊ ဆားကို ထောပတ်ဖြူပြီး ပွလာသည်အထိ hand mixer ဖြင့် high speed တင် ရိုက်ပါ။
၄။ ကြက်ဥကို တစ်လုံးချင်းထည့်ပြီး သကြားကြေသည်အထိ ရိုက်ပါ။
၅။ ကိတ်ဂျုံ၊ ဘိတ်ကင်ပေါင်ဒါ၊ ဘိတ်ကင်ဆိုဒါ၊ သစ်ကြံပိုးခေါက်မှုန့်တို့ကို ဆန်ခါစစ်ထည့်ပြီး ဗနီလာအနံ့ပါရော၍ ဆက်မွှေပါ။ အားလုံးရော၍ ချောမွေ့သွားပြီဆိုလျှင် အသင့်ပြင်ဆင်ထားသော ကိတ်မိုခွက်ထဲထည့်၍ မီးအဆင်သင့်တင်ထားသော မီးဖိုထဲသို့ မိနစ် ၆၀ ခန့်ဖုတ်ပါ။ ကိတ်မုန့်အလယ်တည့်တည့်ကို ဆာတေးတုတ်ဖြင့် ထိုးကြည့်လျှင် တုတ်မှာ မုန့်နှစ်ပေနေလျှင် ကိတ်မုန့်ကျက်ပါပြီ။ မီးဖိုထဲမှ ကိတ်ကို ထုတ်ပြီး ဆက်လက်အအေးခံပါ။ လိုအပ်လျှင် ကိတ်အပေါ်ကို သကြားအမှုန့်ဆန်ခါဖြင့် စစ်ဖြူးပြီး အလှဆင်နိုင်ပါတယ်။ လိုအပ်သလို ၈ စိတ်၊ ၁၀ စိတ်၊ ၁၂ စိတ်ဖြတ်၍ အရသာရှိစွာ စားသုံးနိုင်ပါပြီ။