Raisin-Walnut Coffee Cake (စပျစ်သီး-ဝေါနပ်ကော်ဖီကိတ်)

by Dexter Bistro for Food Magazien

မနက် အိပ်ရာထပြီး ကော်ဖီသောက်ချိန်မှာ စားလေ့ရှိကြတဲ့ ကိတ်မုန့်မို့ ကော်ဖီကိတ်လို့ အမေရိကားမှာ ခေါ် ကြပါတယ်။Walnut အရသာလေးနဲ့ စပျစ်သီးခြောက်အရသာလေးက အလွန်လိုက်လျောညီထွေမှုရှိလို့ ထပ်ခါထပ်ခါ စားချင်မိမယ့် မုန့်လေးတစ်မျိုးပါ။

ပါဝင်ပစ္စည်းများ

စပျစ်သီးခြောက် (Raisin) –  ၁/၂ ခွက်

ဂျုံမှုန့်ရိုးရိုး –  ၁  ၃/၄ ခွက်

ဘေကင်ပေါင်ဒါ –  လက်ဖက်ရည်ဇွန်း ၂  ၁/၂ ဇွန်း

ဘေကင်ဆော်ဒါ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း

သကြားဖြူရိုးရိုး –  ၁ ခွက်

ထောပတ် –  စားပွဲဇွန်း ၈ ဇွန်း (အခန်းအပူချိန်)

ကြက်ဥ (အလုံးကြီး) –  ၂ လုံး (အခန်းအပူချိန်)

ဒိန်ချဉ် –  ၁ ခွက်

Walnut –  ၁/၂ ခွက်

ပြုလုပ်နည်း

၁။       စပျစ်သီးခြောက်ကို ရေနွေးပူပူထဲ ၁၀ မိနစ်ခန့် စိမ်ပြီး ရေညှစ် ထုတ်ပါ။

၂။       အိုးတစ်အိုးထဲ ဂျုံ၊ ဘေကင်ပေါင်ဒါ၊ ဘေကင်ဆော်ဒါနှင့် ဆား

တို့ကို ရောထည့်ပြီး သမအောင် မွှေပါ။

၃။       နောက် အိုးတစ်အိုးထဲ သကြားဖြူနှင့် ထောပတ်ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ ၃ မိနစ်ခန့် မွှေပါ။

၎။       ကြက်ဥကို တစ်လုံးချင်းခေါက်ထည့်ပြီး အရောင်ပြောင်းသွားတဲ့ အထိ မွှေပါ။

၅။       ဂျုံမှုန့်အရောအနှောနှင့် ဒိန်ချဉ်ကို ရောထည့်ပြီး သမအောင်

မွှေပါ။ (မှတ်ချက် – Over Mix မလုပ်ရပါ။)

၆။       Walnut ကို ရောထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့Fold လုပ်ပေးပါ။

(မှတ်ချက် – လျှပ်စစ်လက်မွှေတံမသုံးပါ။)

၇။       မုန့်နှစ်ရည်ကို ဆီသုတ်ထားတဲ့ (သို့) ပါ့ခ်ျမန့်စက္ကူခင်းထည့်ထား တဲ့ ၈” x  ၈” Brownie Pan ထဲ လောင်းထည့်ပြီး မျက်နှာပြင်ကို ညီညီညာညာ ညှိပေးပါ။

၈။       အာဗင်ကို 350˚F (180˚C) ကြိုအပူပေးပြီး မုန့်ဗန်းကို ၃၅ မိနစ် ခန့် ဖုတ်ပါ။

၉။       တုတ်တံချောင်းသေးနဲ့ မုန့်သားရဲ့အလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သား ကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ် ပြီး အအေးခံကာ အဆင်သင့်စားသုံး နိုင်ပါပြီ။

Facebook Comments