Super Soft Banana Bread

by Evy’s Kitchen for Food Magazine

အရမ်းနူးညံ့တဲ့ Banana Bread လုပ်နည်း နောက်တစ်မျိုးပါ။ ပထမတစ်ခေါက် လုပ်တဲ့ Recipe  ထက် အရသာပိုကောင်းပြီး နူးညံ့ပါတယ်။ အဲဒီလိုဖြစ်အောင် Corn Syrup ကို ထည့်ထားပါတယ်။ လုပ်နည်းကလည်း ရိုးရှင်းပြီး သိပ်ကို လွယ်ကူပါတယ်။

ပါဝင်ပစ္စည်းများ

ထောပတ် –  ၆၅ ဂရမ်

ရိုးရိုးဂျုံ –  ၁၂၅ ဂရမ်

သကြားအညို –  ၅၀ ဂရမ်

Baking Soda –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

Baking Powder –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

Cinnamon Powder –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်းသာသာ

ကြက်ဥ –  ၂ လုံး

အမှည့်လွန်နေသော သီးမွှေးငှက်ပျောသီး –  အရွယ်တော်တစ်လုံး

Corn Cyrup –  ၄၅ ဂရမ်

[မရှိရင် ပျားရည် (သို့) Maple Syrup နဲ့ အစားထိုးပါ။]

ပြင်ဆင်နည်း

၁။        သကြား၊ ထောပတ်ကို ပွလာအောင် ခေါက်ပါ။ ဖြူပြီးပွလာလျှင် ကြက်ဥကို ၁ လုံးချင်းစီ ထည့်ပါ။ ဂျုံများနဲ့ Baking Soda,Baking Powder,Cinnamon  တို့ကို  ဇလုံ တစ်လုံးထဲ ထည့်၍ ရောမွှေထားပြီး ခုနက သကြား၊ ထောပတ်၊ ကြက်ဥမွှေထဲ အသာ အယာထည့်၍မွှေပါ။

၂။         သီးမွှေးငှက်ပျောသီးကို ကြေညက်အောင်ခြေပြီး Corn Syrup ရော၍ မုန့်နှစ် ထည့်မွှေပါ။

၃။        မုန့်နှစ်များ သမအောင် အသာအယာမွှေပြီးလျှင် အသင့်ပြင်ထားသော ၈_၃ လက်မ ဗန်းထဲထည့်၍ ၁၈၀ ဒီဂရီ အပူပေးထားသော Oven မှာ မိနစ် ၃၀ ခန့် ဖုတ်ပြီးလျှင် နူးညံ့ပြီး ငှက်ပျောသီးနံ့သင်းနေတဲ့မုန့်ကို  ရရှိပါပြီ။

Facebook Comments