
တိုရီကယာကေးဆိုတာ ဂျပန်စတိုင်လ် ကြက်သားကြော်တစ်မျိုးပါ။ KFC တို့လိုမျိုး လူကြိုက်များလှပါတယ်။ ပြုလုပ်ရတာလည်း လွယ်ကူရိုးရှင်းပြီးတော့ အရမ်းအရသာရှိလှပါတယ်။ ဂျပန်ကို သွားရင်ပဲဖြစ်ဖြစ် ဂျပန်ဆိုင်မှာပဲ သွားစားစား ဒီဟင်းပွဲလေးကိုတော့ မဖြစ်မနေ စမ်းစားကြည့်စေချင်ပါတယ်။
Kyaw Lin Tun
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ကြက်ပေါင်သား (အရိုးထွင်ပြီး) – ၁ ခု
ချင်း – ၁၀ ဂရမ်
ကြက်သွန်ဖြူ – ၁၀ ဂရမ်
ပဲငံပြာရည်အနေက် – ၂၀ ဂရမ်
နှမ်းဆီ – အနည်းငယ်
ပြောင်းမှုန့် (သို့) အကြော်မှုန့် – ၂၀၀ ဂရမ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ဆီ – ၃၀၀ ဂရမ်
ခ်က္နည္း
ပြုလုပ်နည်း
ကြက်ပေါင်ကို အနေတော် အတုံးလေးများ တုံးထားပြီး ပဲငံပြာရည်အနောက်၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်တို့နှင့် နာရီဝက်ခန့် နှပ်ထားရပါမယ်။ ကြော်ခါနီးအချိန်မှ ကြက်သားကို (ကာယာကေးကို) အမှုန့်တို့နှင့် ကပ်ပြီး ဆီပူထဲသို့ ထည့်၍ ကြော်ပါ။ ကြက်သားကို ရွှေအိုရောင်ရသည်အထိ ကြော်ရပါမယ်။ ထို့အပြင် ကြက်သားအတွင်းသား ကျက် မကျက်ကိုလည်း သတိပြုရပါမည်။
ကြက်ကြော်ကို မိမိကြိုက်နှစ်သက်ရာ သံပရာရည်ညှစ်၍လည်းကောင်း၊ မရောနိစ်ဖြင့်လည်းကောင်း စားသုံးနိုင်သလို ကြက်ကြော်ချည်းသတ်သတ်လည်း စားသုံးနိုင်ပါတယ်။