
by တင်တင်ဦး for Food Magazine
ပါ၀င္ပစၥည္းမ်ား
ငါးသစ်တုံး- ၂၅၀ ဂရမ်
ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နနွင်းမှုန့်- အနည်းငယ်
ငရုတ်သီးစိမ်း- ၄၀ တောင့်
ကြက်သွန်ဖြူ- ၃၀ ဂရမ်
ငရုတ်သီးအကျက်မှုန့်- စားပွဲဇွန်း ၁ ဇွန်း
နံနံပင်- ၅ ပင်
သံပရာသီး- ၂ လုံး
ဆီ- ၂၀ မီလီလီတာ (ကြော်ရန်)
ခ်က္နည္း
၁။ ဦးစွာ ငါးထဲ ဆားအနည်းငယ်ထည့်၍ နနွင်းမှုန့်အနည်းငယ်ထည့်ပြီး နယ်ပါ။ ပြီးလျှင် ဒယ်အိုးထဲ ဆီထည့်ပြီး ဆူလာလျှင် နယ်ထားတဲ့ ငါးလေးတွေကို ထည့်၍ ကြော်ပါ။ ပြီးလျှင် ကြော်ပြီးသား ငါးလေးတွေကို ဆယ်ယူပြီး ဆီစစ်ထားပါ။
၂။ ငရုတ်သီးစိမ်းတို့ကို လှော်ပြီး အအေးခံထားပါ။ ပြီးလျှင် ငရုတ်ဆုံထဲ ကြက်သွန်ဖြူ၊ ငရုတ်သီး စိမ်းလှော်၊ ငရုတ်သီးအကျက်မှုန့်နှင့် နံနံပင်တို့ကို ထည့်ပြီး ထောင်းပါ။ အနည်းငယ်ညက် သွားပြီဆိုလျှင် ကြော်ထားတဲ့ ငါးလေးတွေကို ထည့်ပြီး ထောင်းပါ။
၃။ အားလုံး ကြေညက်သွားပြီဆိုလျှင် သံပရာသီးညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။