
by တင်တင်ဦး for Food Magazine
ပါဝင်ပစ္စည်းများ
ငါးကျည်း (အသေး) – ၁၀၊ ၁၅ ကောင်ခန့်
ကြက်သွန်ဖြူ – ၁ လုံး
ငရုတ်သီးခြောက် – ၁၀ တောင့်
ငရုတ်သီးစိမ်း – ၁၀ တောင့်
ငါးပိရည်ကျို – ၁ ခွက် (၁၀ ကျပ်သား)
တို့စရာဟင်းသီးဟင်းရွက်များ
ပြုလုပ်နည်း
၁။ ငါးကျည်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ငရုတ်သီးခြောက်အားလုံးကို တစ်မျိုးစီခွဲကြော်ပြီး ဆယ်ယူထားပါ။
၂။ ကြော်ထားတဲ့ ပါဝင်ပစ္စည်းအားလုံးကို ရော၍ထောင်းပြီး ငါးပိရည်ကျိုထဲထည့်၍ ရောမွှေပါ။
၃။ မိမိကြိုက်နှစ်သက်ရာ အသီးအရွက်များကို တို့စရာအဖြစ် အသုံးပြုပြီး ငါးကျည်းကြော် ငါးပိရည်ကျိုနှင့် သုံးဆောင်နိုင်ပါပြီ။
Facebook Comments