ငါးကြင်းချဉ်ပေါင်နှပ်

ငါးကြင်းကို ပုံမှန်ချက်နေကျလို မဟုတ်ဘဲ ချဉ်ပေါင်နှင့် တွဲချက်လိုက်တဲ့အခါမှာတော့ အအီပြေ ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ဖြစ်လာပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ မြန်မာ

ဆန်ဆန် ထမင်းဝိုင်းအတွက် ဟင်းကောင်းတစ်ခွက် ဖြစ်ပါတယ်။

Facebook Comments

by Htain Lin Maung for Food Magazine

ပါ၀င္ပစၥည္းမ်ား

ငါးကြင်း-  ၅ဝဝ ဂရမ်

ချဉ်ပေါင်ရွက်-  ၁ စည်း

မျှစ်-  ၈၀ ဂရမ်

ကြက်သွန်နီ-  ၁ လုံး

ကြက်သွန်ဖြူ-  ၁ လုံး

စပါးလင်-  ၂ ချောင်း

ငရုတ်သီးစိမ်း-  ၈ တောင့်

ငရုတ်ကောင်း-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မျှင်ငါးပိ-  အနည်းငယ်

ဆီ-  စားပွဲဇွန်း ၂ ဇွန်း

အရသာမှုန့်-  အနည်းငယ်

ဆား-  အနည်းငယ်

နနွင်းမှုန့်-  အနည်းငယ်

ရေ-  ၆၀ မီလီလီတာ

ခ်က္နည္း

၁။        အိုးထဲ ချဉ်ပေါင်ထည့်၍ ရေအနည်းငယ်ထည့်ပြီး ချဉ်ပေါင်များ နူးအိသွားသည်အထိ မွှေပါ။ ချဉ်ပေါင် များ နူးအိလာလျှင် မျှင်ငါးပိအနည်းငယ်ထည့်၍ ၁ မိနစ်ခန့် ဆက်လက်မွှေပြီး အအေးခံထားပါ။

၂။         ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်နှင့် ငရုတ်သီးစိမ်းတို့ကို ကြေညက်အောင် ထောင်းပါ။

၃။        ဇလုံတစ်လုံးထဲ ဆေးကြောသန့်စင်ထားသော ငါးအသားများထည့်၍ ဆား၊ အရသာမှုန့်၊ နနွင်းမှုန့်၊ ဆီနှင့် ထောင်းထားသော အဆာများကို ထည့်ပြီး သမအောင်နယ်၍  မိနစ် ၃၀ ခန့် နှပ်ထားပါ။

၄။        ချက်မည့်အိုးထဲ နှပ်ထားသော ငါးနှင့် ရေ  ၂ ခွက်ခန့်ထည့်ပြီး ၁၀ မိနစ်ခန့်  တည်ပါ။ ရေအနည်းငယ် ခန်းပြီး ငါးအသားများကျက်လာလျှင် ချက်ထားသော ချဉ်ပေါင်ရွက်နှင့် မျှစ်များ ထည့်ပါ။ နောက်ထပ် ၅ မိနစ်ခန့် ချက်၍ အရသာမြည်းပြီး သုံးဆောင်နိုင်ပါပြီ။