
byတင်တင်ဦး for Food Magazine
ပါဝင်ပစ္စည်းများ
ကကတစ်ငါး – ၂၀ ကျပ်သား (ငါးကို အရိုးထုတ်ထားပါ)
မန်ကျည်းအနှစ် – ထမင်းစားဇွန်း ၂ ဇွန်း
ဟင်းချက်အနှစ် – ထမင်းစားဇွန်း ၂ ဇွန်း
ငါးငံပြာရည်၊ ဆား – အနည်းငယ်
ဆီ – ၂၅ ကျပ်သား
ချင်း – ၁ တက်
ပြောင်းဖူးမှုန့် – ၁၀ ကျပ်သား
ကြက်သွန်မြိတ် – ၂ ပင်
ပြုလုပ်နည်း
၁။ ကကတစ်ငါးကို ရေစင်အောင်ဆေး၍ ဘယ်၊ ညာ နက်နက်လေး မွှန်းပြီး ချင်းရည်၊ ဆား တို့နှင့် နယ်ထားပါ။ ၁၀ မိနစ်ခန့် ကြာလျှင် ပြောင်းဖူးမှုန့် ကပ်၍ ဆီပူထဲမှာထည့်ပြီး ကြော်ပါ။
၂။ ဒယ်အိုးထဲ ဟင်းချက်အနှစ်၊ မန်ကျည်းအနှစ်နှင့် ငါးငံပြာရည်တို့ကို ထည့်ပြီး ဆူပွက်
သည် အထိ တည်ပါ။ အရသာမှုန့်ကို နှစ်သက်လျှင် ထည့်ပါ။
၃။ ပန်းကန်ပြားပေါ်မှာ ကြော်ထားတဲ့ ငါးကို တင်ပြီး ဟင်းချက်အနှစ်ကို ၄င်းငါးအပေါ်မှာ လောင်းချပါ။ ပြီးလျှင် ကြက်သွန်မြိတ်ကို အပေါ်မှာ ဖြူးပါ။