ငါးပုဏ္ဏားဆူဆီ … မော်လမြိုင်ချက်

by စံလွင်(ငါးဦးစီး) for Food Magazine

မော်လမြိုင်ဘက်မှာ ငါးကို ဆူဆီချက်ကြသလို မြိတ်ဘက်မှာလည်း ဘဲဥဆူဆီလို့ အခေါ် အဝေါ်နဲ့ ချက်တာမျိုး တွေ့ရပါတယ်။ ငါးပုဏ္ဏားက ရေငန်ငါးမျိုးဖြစ်ပေမယ့် အရိုးပျော့ပြီး အသားနူးညံ့ကာ အရသာကောင်းတာကြောင့် ငါးကြီးငါးကောင်းထဲမှာ ထည့်သွင်းခံရတဲ့ တန်ဖိုးကြီးငါးမျိုး ဖြစ်ပါတယ်။ ငါးပုဏ္ဏားက အင်အားဖြစ်စေတယ်လို့ ယုံကြည်မှုရှိလို့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဓာတ်စာအနေနဲ့ အလေးထားပြီး ကျွေးကြပါတယ်။

ပါဝင်ပစ္စည်းများ

ငါးပုဏ္ဏား-  ၂၅ ကျပ်သား

ဆီ-  ၅ ကျပ်သား

ကြက်သွန်နီ-  ၃ လုံး

ကြက်သွန်ဖြူ-  ၂ လုံး

ငရုတ်သီးခြောက်-  ၃ တောင့်

ဆား၊ နနွင်းမှုန့်၊ ငံပြာရည်-  သင့်ရုံ

ပြုလုပ်နည်း

၁။        ငါးပုဏ္ဏားဆူဆီချက်မည်ဆိုလျှင် ငါးကို အကြေးထိုးပြီး ဆူးတောင်များဖြတ်ကာ ဝမ်းဗိုက်ထဲမှ အူများကို ငါးပါးဟက်ဘက်မှတစ်ဆင့် ဆွဲထုတ်ပါ။ ငါးကိုင်တဲ့အခါ ဥများပါတတ်လို့ ဝမ်းကိုမခွဲ၊ ဦးခေါင်းကို မဖြတ်ဘဲ အကောင်မပျက် ကိုင်ပါတယ်။ ငါးအကောင်ကြီးလျှင် ဓားဖြင့် မွှန်းပေးပါ။

၂။         ပြီးလျှင် ဆား၊ နနွင်းမှုန့်၊ ငံပြာရည်တို့နှင့်နယ်၍ အရသာသွင်းပြီး နှပ်ထားပါ။ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးခြောက်တောင့်များကို အသင့်ထောင်းထားပါ။

၃။        ပြီးလျှင် ဒယ်အိုးထဲမှာ ငါးများကို ြွကပ်မသွားစေရန် ခပ်ထပ်ထပ်ကလေး ကြော် ပြီး ငါးများကို ဆယ်ယူထားပါ။ ဆီကျန်မှာ ငရုတ်သီးခြောက်နှင့် ကြက်သွန်ဖြူ/နီ ထောင်းပြီးသား အရောကို ဆီသတ်ပါ။

၄။        အဆာများရွှေရောင်သန်းပြီး အနံ့မွှေးလာလျှင် ကြော်ပြီးသားငါးများကို ဒယ်အိုး ထဲ ထည့်၍ အထက်အောက် အနှံ့မွှေကာ ပန်းကန်တစ်ချပ်မှာ ပြင်ပြီး ထည့်ပါ။ အမြင်လှသလို အရသာထူးခြားတဲ့ ငါးပုဏ္ဏားဆူဆီက စားရန်အသင့်ဖြစ်ပါပြီ။

Facebook Comments