ငါးဖယ်နှင့် ရဲယိုရွက်

by တင်တင်ဦး for Food Magazine

ပါဝင်ပစ္စည်းများ

ငါးဖယ် –  ၁၅ ကျပ်သား

ရဲယိုရွက် –  ၁ စည်း

ကြက်ဥ (အကာ) –  ၁ လုံး

ချင်း –  လက်တစ်ဆစ်

ကြက်သွန်ဖြူ –  ၃ မြွှာ

ခရမ်းချဉ်သီး –  ၄ လုံး

ဟင်းချက်အနှစ် –  စားပွဲဇွန်း ၁ ဇွန်း

ရေ –  အနည်းငယ်

ဆား –  အနည်းငယ်

ဆီ –  အနည်းငယ်

ငါးငံပြာရည် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။        ငါးဖယ်ကို ကြက်သွန်ဖြူ၊ ချင်း၊ ကြက်ဥအကာနှင့် ဆား အနည်းငယ်ထည့်ပြီး ထောင်းပါ။

၂။         ထောင်းထားတဲ့ ငါးဖယ်ကို ရဲယိုရွက်ပေါ်မှာ ကပ်ပြီး ဏညေ င်္မငနိ ပေးပါ။ ဒယ်အိုးထဲမှာ ဟင်းချက် အနှစ်ကို ဆီသတ်ပြီး ခရမ်းချဉ်သီးကို ထည့်၍ ချက်ပါ။

၃။        အားလုံးကြေသွားသောအခါ ငါးဖယ်ရဲယိုရွက်၊ အရသာနှင့် ရေအနည်းငယ်ထည့်ပြီး

အဖုံးအုပ်ထားပါ။

Facebook Comments