
by တင်တင်ဦး for Food Magazine
ပါဝင်ပစ္စည်းများ
ငါးရံ့ – ၃၀ ကျပ်သား
ကိုင်းခရမ်းချဉ်သီး – ၁၅ ကျပ်သား
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငါးငံပြာရည် – စားပွဲဇွန်း ၂ ဇွန်း
ဟင်းချက်အနှစ် – စားပွဲဇွန်း ၁ ဇွန်း
စပါးလင် – ၂ ပင်
(တောက်တောက်စဉ်းပြီး ညက်အောင်ထောင်းပါ) (အနုပိုင်းသာ ယူပါ)
ဆား – အနည်းငယ်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ – အနည်းငယ်
ငရုတ်သီးစိမ်း – ၅ တောင့်
ရေ – အနည်းငယ်
ပြုလုပ်နည်း
၁။ ငါးရံ့ကွင်းများကို ရေစင်အောင်ဆေးပြီး ဆား၊ နနွင်းမှုန့်နှင့် ၁၅ မိနစ်ခန့် နှပ်ထားပါ။ ပြီးလျှင် ၄င်းငါးရံ့ကွင်းများကို ဆီနည်းနည်းနဲ့ Pan Fried ကြော်ပြီး ထုတ်ထားပါ။
၂။ အိုးထဲ ဆီထည့်ပြီး ပူလာပါက တောက်တောက်စဉ်းထားတဲ့ စပါးလင်ကို ထည့်ပြီး ကြော်ပါ။ အနံ့မွှေးလာပါက ဟင်းချက်အနှစ်ကို ထည့်ပြီး ကိုင်းခရမ်းချဉ်သီးကို
ထည့်၍ အဖုံးအုပ်ထားပါ။
၃။ ခရမ်းချဉ်သီး ပျော့လာလျှင် အရသာကိုထည့်ပြီး ရေအနည်းငယ် ထည့်၍ ဆူပွက်လာ တဲ့အခါ ကြော်ထားတဲ့ ငါးကို ရောပါ။ ငရုတ်သီးစိမ်းကိုလည်း နှစ်ခြမ်းခွဲပြီး ထည့်ပါ။