
Facebook Comments
by တင်တင်ဦး for Food Magazine
ပါ၀င္ပစၥည္းမ်ား
ပုစွန်ဆိတ်- ၃ဝဝ ဂရမ်
ကြက်သွန်ဖြူ- ၃၀ ဂရမ်
ငရုတ်သီးစိမ်း- ၅၀ တောင့်
မျှင်ငါးပိဖုတ်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နံနံပင်- ၁ ပင်
သံပရာသီး- ၂ လုံး
ခ်က္နည္း
၁။ ပုစွန်ဆိတ်လေးများကို ရေစင်အောင် ဆေးပြီး ဒယ်အိုးထဲမှာ ရေခြောက်သွားသည်အထိ
လှော်ပါ။ ပြီးလျှင် ငရုတ်သီးစိမ်းတို့ကိုလည်း လှော်ပါ။ ပုစွန်လှော်နှင့် ငရုတ်သီးစိမ်းလှော်တို့ကို အအေးခံထားပါ။
၂။ အအေးခံပြီးပြီဆိုလျှင် ငရုတ်ဆုံထဲ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ မျှင်ငါးပိဖုတ်၊ ဆားနှင့် ပုစွန်ဆိတ်လှော်တို့ကို ထည့်ပြီး အနည်းငယ် ကြေညက်သည်အထိ ထောင်းပါ။ ပြီးလျှင် နံနံပင် ထည့်၊ သံပရာသီးညှစ်ထည့်ပြီး သမအောင် ရောမွှေပြီးသွားလျှင် သံပရာသီးနံ့သင်းသင်းလေး နဲ့ ပုစွန်ရဲ့ အချိုဓာတ်လေးပါနေတဲ့ ပုစွန်ဆိတ်လှော်ထောင်းလေးကို ရရှိပါပြီ။