
by တင်တင်ဦး for Food Magazine
ပါ၀င္ပစၥည္းမ်ား
အုန်းထမင်းအတွက် ပါဝင်ပစ္စည်းများ
ဆန်- ၂ ဘူး
အုန်းနို့- ၄ဝဝ ဂရမ်
ကြက်သွန်နီအသေး- ၁၅၀ ဂရမ်
စပါးလင်- ၁ ပင်
ဆီ- စားပွဲဇွန်း ၁ ဇွန်း
ရေ- ၃ ဘူး
ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပုစွန်ဟင်းအတွက် ပါဝင်ပစ္စည်းများ
မြေပဲ- ၃၀ ဂရမ်
ငါးနီတူ ခြောက်- ၁ဝဝ ဂရမ်
ပုစွန်- ၄ဝဝ ဂရမ်
ချင်း- ၇ ဂရမ်
ငရုတ်သီးခြောက်တောင့်- ၆ တောင့်
ဆီ- စားပွဲဇွန်း ၅ ဇွန်း
နနွင်းမှုန့်- အနည်းငယ်
ကြက်သွန်နီ- ၁ဝဝ ဂရမ်
ကြက်သွန်ဖြူ- ၅၀ ဂရမ်
မျှင်ငါးပိ- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငံပြာရည်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မန်ကျည်းအနှစ်- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နံနံပင်- ၃ ဂရမ်
ခ်က္နည္း
၁။ အိုးထဲ ဆီအနည်းငယ်ထည့်ပြီး အုန်းနို့ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ
တည့်ပါ။ ကြက်သွန်နီ၊ စပါးလင်ကိုထည့်ပြီး အုန်းနို့ နည်းနည်းလေး ပျစ်လာသည်
အထိ ချက်ပါ။
၂။ ဆန်ကို သေချာစွာဆေးကြောသန့်စင်ပြီး ချက်မည့်အိုးထဲ ထည့်ပါ။ ချက်ထားသော အုန်းနို့၊ ဆားနှင့် ရေတို့ကို ထည့်၍ သမအောင်မွှေပေးပြီး ထမင်းပေါင်းအိုးဖြင့်
ချက်ပါ။
၃။ အုန်းထမင်းနှင့်တွဲစားရန်အတွက် မြေပဲနှင့် ငါးနီတူခြောက်ကို ကြော်ပါ။
၄။ ပုစွန်ဟင်းအတွက် ကြော်ထားသော ငါးနီတူခြောက်၊ ချင်း၊ ငရုတ်သီးခြောက်
တောင့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် မျှင်ငါးပိတို့ကို ဟင်းအနှစ်အတွက် ကြေ
ညက်အောင် ကြိတ်ပါ။
၅။ အိုးထဲ ဆီထည့်၍ နနွင်းမှုန့်၊ ကြိတ်ထားသော ဟင်းအနှစ်များထည့်ပြီး ဆီသတ်ပါ။ ဆေးကြောသန့်စင်ထားသော ပုစွန်များထည့်ပြီး သမအောင်မွှေပါ။ ငံပြာရည်နှင့် မန်ကျည်းအနှစ်ရည်ကို ထည့်ပါ။ ပြီးလျှင် နံနံပင်အုပ်ပြီး ချက်ထားသော အုန်းထမင်းနှင့် တွဲဖက်စားသုံးနိုင်ပါပြီ။