
by တင်တင်ဦး for Food Magazine
ပါ၀င္ပစၥည္းမ်ား
ကဏန်း- ရဝဝ ဂရမ်
ငရုတ်သီးအနှစ်- စားပွဲဇွန်း ၃ ဇွန်း
စပါးလင်- ၂ ချောင်း
ချင်း- အနည်းငယ်
ပတဲကော- အနည်းငယ်
ကြက်သွန်နီ- ၁ လုံး
ကြက်သွန်ဖြူ- ၁ လုံး
ဆီတိုဟူး- အနည်းငယ်
ခရမ်းချဉ်သီးဆော့စ်- စားပွဲဇွန်း ၃ ဇွန်း
သကြား- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆား- အနည်းငယ်
ရေ- ၃၀ မီလီလီတာ
ဆီ- ၃၀ မီလီလီတာ (ကြော်ရန်)
ကြက်ဥ- ၁ လုံး
ကော်မှုန့်- အနည်းငယ်
နံနံပင်- အနည်းငယ်
ခ်က္နည္း
၁။ ဦးစွာ ကဏန်းတွေကို သန့်စင်အောင် ရေဆေးပြီး ဆီပူပူထဲ ထည့်၍ ကြော်ပါ။ ကြော်ထားတဲ့ ကဏန်းတွေကို ဆီစစ်ပြီး သီးသန့်ဖယ်ထားပါ။
၂။ စပါးလင်၊ ချင်း၊ ပတဲကော၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ထောင်းပါ။ အိုးထဲ ဆီ အနည်းငယ်ထည့်ပြီး ထောင်းထားတဲ့အနှစ်များကို ထည့်ပါ။ ပြီးလျှင် ငရုတ်သီးအနှစ်၊
ဆီတိုဟူး၊ ခရမ်းချဉ်သီးဆော့စ်၊ ရေ၊ သကြား၊ ဆားနှင့် ကဏန်းတို့ကို ထည့်ပြီး ၅ မိနစ်ခန့် တည်ထားပါ။
၃။ နောက်ဆုံးမှာ ကြက်ဥခေါက်ထားတာ ထည့်ပါ။ ကော်မှုန့်ကို ရေဖျော်ပြီး ထည့်၍ မွှေပြီး နံနံပင်လေးအုပ်ကာ အရသာရှိတဲ့ ကဏန်းငရုတ်သီးအနှစ်ချက်လေးကို သုံးဆောင်နိုင်ပါပြီ။